Sunday, May 26, 2013

အစိုးရနဲ့ ကေအိုင်အိုတွေ့ဆုံဆွေးနွေးပွဲအတွက် မနောကွင်း မဂျွယ်ခန်းမမှာပြင်ဆင်မှုပြုလုပ်ထားပုံ

မေလ(၂၈)နေ့၊ မြစ်ကြီးနားမြို့တွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည့် ငြိမ်းချမ်းရး ဆွေးနွေးပွဲအခမ်းအနားကို လုံခြုံရေး အစောင့်အကြပ်တွေနဲ့အတူ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပြည်ထောင်စုငြိမ်းချမ်းရေး အဖွဲ့မှ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တွေ မြစ်ကြီးနားမြို့သို့ တင်ကြို ရောက်ရှိနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေး ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ မနက်ဖန် (၂၇) ရက်နေ့မှာ ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး
အဖွဲ့သည် လိုင်ဇာမြို့မှ ထွက်ခွာလာမည့် KIA အဖွဲ့တွေကို နန်ဆန်ယန်အထိ သွားရောက် ကြိုဆိုကြမယ်လို့ သိရပါတယ်။ အဆိုပါ KIA နှင့်အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့သည် (၂)ရက်ခန့် ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။


သတင်းဓါတ်ပုံ- Mg Kyaw

No comments:

Post a Comment