Wednesday, June 5, 2013

၉၆၉- တရားခွေအား ကူးယူဖြန့်ဝေခြင်းကြောင့် မြစ်ကြီးနားမြို့မှ ကိုချစ်ဖွယ်နှင့် ကိုမင်းမင်းဦးတို့အား ပြန်လည်တရားစွဲဆို၍ အမှုဖွင့်အရေးယူ


ကိုချစ်ဖွယ်နှင့် ကိုမင်းမင်းဦး
၉၆၉- တရားခွေအား ကူးယူဖြန့်ဝေမှုအား တရားမ၀င်လိုင်စင်မဲ့ခွေကို- ဖြန့်ဝေသည်ဟု စွဲချက်တင်ကာ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ)၊ ရဲစခန်း ပ-နံပါတ် ၆၉/၂၀၁၃၊ ပြစ်မှုကြီးနံပါတ်- ၆၀၈၀/၂၀၁၃ တို့ဖြင့် တရားလို- ဒုရဲအုပ် စိုးမင်းဦး အမှတ်(၂) ရဲစခန်းနှင့် လာရောက်ဖမ်းဆီးသူ ဦးအောင်မင်း အမှတ်(၂)ယာယီစခန်းမှူး မြစ်ကြီးနားတို့သည် တရားခံ- ၁။ကိုချစ်ဖွယ်(ခ)လှိုင်ဖုန်း (မစ်စတာအက်ကွန်ပြူတာ)၊ ၂။ ကိုမင်းမင်းဦး (ဆုမြတ်ဟိန်းဓါတ်ပုံ) တို့အား (၅.၆.၂၀၁၃) ရက်နေ့တွင် ပြန်လည် အမှုဖွင့် အရေးယူခဲ့ပါသည်။ (၇.၆.၂၀၁၃)သောကြာနေ့တွင် စီရင်ချက် ချမှတ်မည်ဟုလည်း သိရပါသည်။ အဆိုပါ အမှုအား (၃.၅.၂၀၁၃)နေ့တွင်  ကိုချစ်ဖွယ်နှင့် ကိုမင်းမင်းတို့ ပါဝင်သော လေးဦးတို့အား ဆူပူမှုဖြစ်စေရန် စည်းရုံးလှုံ့ဆော်မှု  ပုဒ်မ (၁၀၅)ဖြင့် စွဲချက်တင် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။ ထိုစဉ် မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းဆရာတော်ကြီးနှင့် ပထမပြန်၊ ဓမ္မာစရိယစာမွေးပွဲ ကြီးကြပ်ရေးဆရာတော်များမှ အာမခံပေး၍ သံဃာတော်များမှ ကျသင့်မည့် ဒဏ်ကြေးငွေကို ပေးဆောင်မည်ဟု ဆိုခြင်းကြောင့် အပြီးသတ် ရုတ်သိမ်းသလိုလိုနဲ့ ရှိနေခဲ့ပြီး အခုမှ ပြန်လည် အမှုဖွင့် တရားစွဲဆိုတာလည်းဖြစ်ပါသည်။

ထိုအမှုနှင့်ပက်သက်၍ မြို့ခံသံဃာတော်များနှင့် လူထုများမှ တဖက်အဖွဲ့အစည်း၏ လာဘ်ယူကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည်ဟု ယုံကြည်မှုများလည်း ဖြစ်ပေါ်နေပါတယ်။



ထိုကိစ္စနှင့် စပ်လျဉ်း၍ မြစ်ကြီးနားမြို့နယ် သံဃနာယကအဖွဲ့မှ အဆိုပါ အရေးယူမှုအပေါ် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ  သံဃာတော်များ မကျေမနပ် ဖြစ်နေကြပါသည်။ အခြားနာမည်ကြီးဆရာတော်များ၏  အခွေများကိုလည်း အဆင့်ဆင့် ကူးယူဖြန့်ချီပေးနေသည်ကို သတိပြုသင့်ပါသည်။ ဤသို့ (၉၆၉)တရားခွေကိုမှ မြန်မာ့ရုပ်မြင်သံကြားနှင့် ဗွီဒီယို အက်ဥပဒေအရ အရေးယူမည်ဆိုပါက တရားနည်းလမ်းမကျဟု မြင်မိပါသည်။ အကယ်၍ ဆက်လက်အရေးယူမည်ဆိုပါက မကျေနပ်သည့် သံဃာတော်များမှ ဆူပူလာမည်ကို စိုးရိမ်ရပါသည် ထိုသို့ဆူပူလာပါက မြို့နယ်သံဃနာယကအဖွဲ့မှလည်း ထိန်းသိမ်းပေးနိုင်မည်မဟုတ်ပါ၊ မြို့ရွာအေးချမ်းသာယာရေးကို ရှေးရှု၍ စဉ်းစားပေးနိုင်ရန် မြို့နယ် သံဃနာယကအဖွဲ့မှ မေတ္တာရပ်ခံအပ်ပါသည် စသည်ဖြင့် -ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို လိပ်မူပြီး
မိတ္တူကို
- ဦးဝီရသူ၊မစိုးရိမ်တိုက်သစ်
-ဥက္ကဋ္ဌ၊ ပြည်နယ်သံဃနာယကအဖွဲ့၊မိုးကောင်း
-ပြည်နယ်သာသနာရေးမှူ၊ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
-၀န်ကြီး၊နယ်စပ်ရေးရာ လုံခြုံရေးအဖွဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ မြစ်ကြီးနား၊
-တပ်မှူး၊နယ်စပ်ရေးရာ လုံခြုံရေးအဖွဲ့၊ မြစ်ကြီးနားမြို့
-မြို့နယ်တရားသူကြီး၊ မြစ်ကြီးနားမြို့နယ်၊မြစ်ကြီးနား
-စခန်းမှူး၊ အမှတ်(၂) ရဲစခန်း၊ မြစ်ကြီးနား တို့ကို ပေးပို့ထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့၊ အမှတ်(၂) ရဲစခန်း


No comments:

Post a Comment