Monday, June 10, 2013

ငြိမ်းချမ်းရေးနှင့်အတူ ကြွေလွင့်သွားခဲ့ရသော ပန်းလေးတစ်ပွင့်

မောင်အောင်ကိုဟိန်း၊ နတ်ကြီးကုန်းရပ်၊ မိုးကောင်းမြို့။

(၉.၆.၂၀၁၃) ရက်နေ့သည် ညိမ်သက်နေခဲ့သော ကချင်ပြည်နယ်ကြီး ဆူပွက် လှုပ်ခတ်နေခဲ့တာ (၂) နှစ် ပြည့်မြောက်သွားခဲ့ပါပြီ။

(၂)နှစ်ပြည့်တဲ့နေ့မှာ အမျိုးသမီတစ်ယောက် ထူးဆန်းစွာ အကျွန်ုပ်ထံသို့ ရောက်ရှိလာခဲ့ပါသည်။ ဓါတ်ပုံလေး(၁) ပုံ ပေးသွားခဲ့ပြီး။

အစိုးရနှင့် KIA တို့၏ တိုက်ခိုက်ရေး မုန်တိုင်း (၂)နှစ်ပြည့် အထိမ်းအမှတ်ကိုလည်း သတိရ လွမ်းဆွတ်ခြင်း၊ နာကျည်း ကြေကွဲခြင်း ခံစားမှု အခမ်းအနားပေါင်းများစွာနဲ့ ကျင်းပသွားခဲ့ပါတယ်။

အစိုးရနှင့် KIA (၉.၆.၂၀၁၁) ငြိမ်းချမ်းရေး ပျက်ပြားသည်။
ငြိမ်းချမ်းရေး ပျက်ပြားမှု အစိတ်အပိုင်းပေါင်းများစွာထဲမှ အစိတ်အပိုင်းလေး
တစ်ခုကတော့ ------
(၁၉.၆.၂၀၁၁)နေ့မှာ မောင်အောင်ကိုဟိန်း KIA ၏ ဖမ်းဆီးခြင်းကို ခံရသည်။
(၂၄.၆.၂၀၁၁)နေ့မှာ KIA ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဝန်းကျင်တစ်ခုရဲ့ အစိတ်အပိုင်းလေး ဆိုပေမယ့် မိခင်တစ်ယောက်၏ ရင်ထဲမှာတော့ ကမ္ဘာကြီးတုန်ဟီးသွားအောင် တုန်လှုပ် ရိုက်ခက်သွားခဲ့ရပါတယ်တဲ့။

အမည်- မောင်အောင်ကိုဟိန်း
အသက်-(၂၄)၊ ၁/မကတ(နိုင်)၀၉၀၄၃၈
မွေးသက္ကရာဇ် - (၂၈.၅.၁၉၈၇)
မိဘ-ဦးကျော်လှိုင်+ဒေါ်မာမာအေး၊
နေရပ်-နတ်ကြီးကုန်းရပ်ကွက် မိုးကောင်းမြို့၊ ကချင်ပြည်နယ်။
အသတ်ခံရသောနေရာ- ရင်း (၆) နယ်မြေ၊ နန့်ဟိုင်းကျေးရွာ။

No comments:

Post a Comment