Thursday, June 13, 2013

မူဆယ်မြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုမှ စစ်ဘေးဒုက္ခသည်များအား ပစ္စည်း၊ ငွေနှင့် စိတ်ဓါတ်ခွန်အားများ လှူဒါန်း။


မူဆယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ စစ်ရှောင်မိဘပြည်သူများ တွေ့ဆုံစဉ်
(၁၃.၆.၂၀၁၃)ရက်နေ့။
 မူဆယ်မြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည် ၁၂၀-ကျော်တို့အား ငွေကျပ်-(၁၅)သိန်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စိတ်ဓါတ်ခွန်အားများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
 ထိုသို့လှူဒါန်းရာ၌-----
မိမိတို့ ရှမ်းလူမျိုးများအနေဖြင့် လာရောက်လှူဒါန်းမည့် အကူအညီများကိုသာ မျှော်လင့်မနေဖို့၊
ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ရန် ကြိုးစားဖို့၊ မည်သည့် ပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းကိုမှ အားကိုး မျှော်လင့်နေရန် မသင့်၊ မိမိတို့ကိုယ်တိုင်သာ ကိုယ့်ကိုကို ကာကွယ်နိုင်ရန် ကြိုးစားဖို့
ယခုလို နှိပ်စက်ခံနေရတဲ့ဘ၀ကို မိမိတို့ရဲ့ မျိုးဆက်ကို လက်ဆင့်မကမ်းဖို့ စသည်တို့ဖြင့် စိတ်ဓါတ်ခွန်အားများ လှူဒါန်းသွားခဲ့ပါတယ်။

မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်း စစ်ဘေးရှောင်စခန်း

No comments:

Post a Comment