အဆိုပါ
အင်းစိန် အောင်ဆန်းတပ်ဦး အမျိုးစောင့်ဥပဒေ သံဃညီလာခံ ကို နံနက် (၈)နာရီမှ
(၁၀း၄၀) အချိန်ခန့်ထိ ဆရာတော်ကြီးများ၏
သြ၀ါဒခံယူခြင်း၊ အမျိုးစောင့် ဥပဒေ အဆိုတင်သွင်းခြင်း၊ TIME မဂ္ဂဇင်းကို
ကန့်ကွက်ခြင်း၊ အမျိုးစောင့် ဥပဒေကို ပညာရှင်များမှ အကြံပြုလျှောက်ထားခြင်းများ ပါဝင်သော
အခမ်းအနား အစီအစဉ် (၁၁) ချက်ဖြင့် ကျင်းပသွားခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး
အသီးသီးမှ သံဃာတော် (၁၀၈၀) ကျော် တက်ရောက်တော်မူကြတယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားတွင် အမျိုးစောင့်
ဥပဒေကို သံဃာတော်များ ဦးဆောင်နေရခြင်းနှင့် ပက်သက်ပြီး လောက လူသားတွေရဲ့အကျိုးကို
ဆောင်ရွက်တော်မူခဲ့ကြသော သမိုင်းအထောက်အထား၊ ဗုဒ္ဓကျင့်စဉ်၊ ဘုရားဟော ကျမ်းဂန်ပါဠိများနှင့်
သံဃာတော်များ ဦးဆောင်လုပ်ကိုင်သင့်သည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်
ဆွေးနွေးခဲ့ပြီး၊ အမျိုးစောင့် ဥပဒေကို သံဃတော်များ၏ သဘောဆန္ဒ၊ မူဝါဒများကို
နိုင်ငံတကာ စံနုန်း၊ လူအခွင့်အရေးတွေနဲ့ ညှိနိုင်းတိုက်ဆိုင်ပြီး အကောင်းဆုံး
ဖြစ်အောင် စီစဉ်ဆောင်ရွက်ပြီး လွှတ်တော်သို့ တင်သွင်းသွားမယ်လို့လဲ သိရပါတယ်။
နေ့လည် (၁)နာရီတွင် သံဃာတော်များမှ အဆိုပါ
အမျိုးစောင့် ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဆွေးနွေးသွားကြမည်ဖြစ်ပြီး
အခမ်းအနား ဒုတိယပိုင်း စတင်မယ်လို့ သိရပါတယ်။
တိပိဋကဆရာတော် ဦးသီလက္ခန္ဓာ ဘိဝံသ |
No comments:
Post a Comment