ဒီကနေ့ သံဃညီလာခံ အစည်းအဝေးကြီး အဓိကလုပ်ငန်းမှာ-
၁။ အမျိုးဘာသာ၊
သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း။
၂။ အမျိုးစောင့်
ဥပဒေ ပေါ်ထွန်းရေး ဆိုတဲ့ အချက် (၂)ချက်သည် အဓိကဖြစ်ပါတယ်။
ဒီနှစ်ချက်ကို
အောင်အောင်မြင်မြင် ဖြစ်သွားဖို့ရာက ကြွရောက်လာသော တိုင်းနှင့် ပြည်နယ် အသီးသီးမှ ဆရာတော်များကလဲ
အားလုံး သဘောတူတယ်၊ ထောက်ခံတယ်၊ အားလုံး ညီညီညွှတ်ညွှတ် အတည်ပြုလိုက်တာနဲ့ တပြိုင်နက်
အရှင်ဘု၇ားတို့ရဲ့ ခံစားချက်တွေ၊ လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်လို့ ရသွားပါပြီး။
ဒီသံဃအစည်းအဝေးကြီး
တကမ္ဘာလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်၊ ဒေါက်ထောက်ကြည့်နေကြတယ်။
တချို့ကလည်း
ဒီအစည်းအဝေးကြီး မဖြစ်အောင်၊ သေးသိမ်သွားအောင် နည်းအမျိုးမျိုးဖြင့် နှောက်ယှက်နေတာတွေကိုလည်း
တွေ့ရပါတယ်။ အဲဒီတော့ တပည့်တော်တို့က ညီညွှတ်မှုတွေ မပြိုကွဲသွားအောင် အဓိက လိုရင်း နှစ်ချက်ဖြစ်တဲ့
အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အမျိုးစောင့် ဥပဒေ
ပေါ်ထွန်းရေး ဆိုတဲ့ အချက်ကို သိမ့်သိမ့်မွေ့မွေ့လေး ဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်။
အခု ဘုန်းကြီးတို့ရဲ့ အဖွဲ့အစည်းဟာ နိုင်ငံတော်ကို အန်တုတာလဲ မဟုတ်၊ နိုင်ငံတော် သံဃမဟာနာယကကို
ယှဉ်ပြိုင်နေတာ မဟုတ်ပါဘူး။ အဓိက လိုရင်းဖြစ်တဲ့ (၂) ချက်ကို အကောင်အထည် ဖေါ်နိုင်ဖို့သာ နံပါတ် (၁) စဉ်းစားရမှာ
ဖြစ်ပါတယ်၊ နိုင်ငံတော် သံဃမဟာနာယကနှင့် နိုင်ငံတော် အမြင်စောင်းနိုင်တဲ့ အချက်တွေကို
ရှောင်ရှားပြီး သိမ်သိမ်မွေ့မွေ့ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment