Wednesday, June 26, 2013

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး သံဃညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

 

       
         ရန်ကုန်မြို့၊ အောင်ဆန်း မိုးကုတ်ရိပ်သာကျောင်း၌ အမျိုးစောင့် ဥပဒေ သံဃညီလာခံသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်များသည် (၂၆၊၆၊၂၀၁၃)ရက်နေ့ ည(၇)နာရီမှ (၁၀)နာရီခန့်ထိ အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ 
   
        အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် အင်းစိန်ရွာမ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့် ဖွဲ့စည်းပုံနှင့် မူဝါဒ စည်းမျဉ်း၊ စည်းကမ်းများချမှတ်သွားရန် အချုပ်အားဖြင့် ချမှတ်သဘောတူခဲ့ကြပါတယ်။ လွှတ်တော်သို့ တင်သွင်းမည့် အမျိုးစောင့် ဥပဒေနှင့် ပက်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတာမျိုးတော့ မတွေ့ရသေးဘူးလို့ သိရပါတယ်။



No comments:

Post a Comment