Sunday, June 23, 2013

မြန်မာအမျိုးသမီးများကို ကာကွယ်ပေးမည့် အမျိုးစောင့်ဥပဒေစာအုပ်ပါ ဥပဒေမှာ နမူနာ(မူကြမ်း) မျှသာဖြစ်


    (၂၇၊၆၊၂၀၁၃)နေ့တွင် ရန်ကုန်မြို့၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၌ ကျင်းပမည့် မြန်မာအမျိုးသမီးများအား ကာကွယ်ပေးရေး အမျိုးစောင့် ဥပဒေညီလာခံသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆရာတော် သံဃာတော်များကို ပင့်ဆောင်ထားရာ နယ်ဝေးသံဃာတော်များ အနေဖြင့် (၂၆၊၆၊၂၀၁၃) ဗုဒ္ဓဟူးနေ့ည အရောက် ကြွရောက်ပါရန်နှင့်

အများပြည်သူများ၏ ထောက်ခံချက် လက်မှတ်များအား (၃၀.၆.၂၀၁၃)နေ့  နောက်ဆုံးထားလျက် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့  မြို့နယ်/တိုင်းနှင့် ပြည်နယ်အလိုက် ကောက်ခံစုစည်း ပို့ဆောင်ပေးပါရန် ပန်ကြား လျှောက်ထားမှုများ ပြုလုပ်ထားပြီး၊

အမျိုးစောင့် ဥပဒေစာအုပ်ပါ ဥပဒေမှာ နမူနာ(မူကြမ်း)မျှသာ ဖြစ်၍ လေ့လာစရာ အသိပညာပေးဖြစ်ပြီး ၄င်းအခြေခံအချက်များ ပါဝင်သော အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းပေးရန် တင်ပြမည်ဖြစ်ပြီး အချက်အလက်၊ စကားလုံး ၊ ပြစ်ဒဏ်များသည် လွှတ်တော်အတွင်း၌သာ ရှုထောင့်ပေါင်းစုံ(နိုင်ငံတကာ၊ လူ့အခွင့်အရေး၊ အခြေခံဥပဒေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နယ်မြေအကျယ်အ၀န်း၊ အချုပ်ခြာအာဏာ)မှ ကျယ်ပြန့်စွာ ဆွေးနွေးပြဌာန်းရမည်ဖြစ်ကြောင်း ကြိုတင်အသိပေး လျှောက်ထားမှုများ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment