Thursday, June 20, 2013

ကုလ လူ့အခွင့်အရေးကို အားဖြည့်ပံ့ပိုး၍ မြန်မာအမျိုးသမီးပျိုလေးများကို ကာကွယ်ပေးမည့် အမျိုးစောင့် ဥပဒေကို ကန့်ကွက် ငြင်းဆန်ကြသူများ။


အပြည်ပြည်ဆိုင်ရာ လူ့အခွင်းအရေး ကြေညာစာတမ်း အပိုဒ်(၁၆)တွင်

(၁) ယောက်ျားနှင့် မိန်းမတို့ လူမျိုး၊ နိုင်ငံ၊ ကိုးကွယ်သည့် ဘာသာကို အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့်အပြင် ပေါင်းသင်းစဉ်နှင့် ကွာရှင်းကြသည့်အခါ၌ တူညီသည့် အခွင့်အရေးများ ရရှိရေး။

(၂) နှစ်ဦးနှစ်ဖက် လွတ်လပ်သော သဘောဆန္ဒအတိုင်း ထိမ်းမြားခြင်းကို ပြုလုပ်ရေး။

(၃) သဘာဝကျသော အခြေခံအဖွဲ့အစည်းဖြစ်သည့် မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်ဟု လည်းကောင်း။

အပိုဒ် (၁၇)တွင်
လူတိုင်း တစ်ဦးချင်း၊ ဖက်စပ်ဖြစ်သော ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးနှင့် ဥပဒေအရ မဟုတ်ဘဲ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ-ဟုလည်းကောင်း။

အပိုဒ်(၁၈)တွင်
လူတိုင်း လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်နှင့် ပြောင်းလဲနိုင်ခွင့်အပြင် မိမိကိုးကွယ်သော ဘာသာနှင့် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြ၊ ကျင့်သုံး၊ ၀တ်ပြု ကိုးကွယ်၊ ဆောက်တည်နိုင်ခွင့်တို့ ပါဝင်သည်-ဟုလည်းကောင်း။

အမျိုးစောင့် ဥပဒေမူကြမ်းနှင့် ပက်သက်၍ ဇွန်လ(၁၉)ရက်၊ ၂၀၁၃-ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် လှုပ်ရှားတက်ကြွသူ အမျိုးသမီးဆိုသူတွေနှင့် ဒေါ်ရွှေဇီးကွက်-နာရေးကူညီမှုအသင်း(ရန်ကုန်)၊ နော်စူဇန်နာလှလှစိုး-ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့၊ မဇင်မာအောင် - နိုင်ငံရေး သိပ္ပံကျောင်းတို့က လုံးဝလက်မခံနိုင်ဘူးလို့ ကွန့်ကွက် ငြင်းဆန်ခဲ့ပါတယ်။

မြန်မာ အမျိုးသမီးပျိုလေးများကို လူ့အခွင့်အရေး စံချိန်၊ စံညွှန်းတွေနဲ့ ပြည့်ပြည့်၀၀ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကာကွယ်ပေးမည့် အမျိုးစောင့်ဥပဒေကို မြန်မာနိုင်ငံမှာ မဖြစ်မနေ ပြဋ္ဌာန်းပေးဖို့ လိုအပ်နေလျက်ရှိရာ၊ လူ့အခွင်းအရေးဆိုတာ အဖွဲ့အစည်း၊ လူမျိုး၊ ဘာသာ တဖက်တည်းကပဲ လိုက်နာကျင့်သုံးနေလို့ အဆင်မပြေနိုင်ပါဘူး။ တဖက်တည်းကပဲ လိုက်နာပြီး တဖက်အဖွဲ့အစည်းက ချိုးဖောက်နေတာကိုတော့ လူ့အခွင့်အရေးနှင့် မကိုက်ညီပါဘူးပါဘူးဆိုတာ မအော်ကြပဲ တင်းမာတဲ့အဖွဲ့အစည်းနှင့် ပြေလျောတဲ့ အဖွဲ့အစည်း၊ လူမျိုး၊ ဘာသာတို့အကြားမှာ လူ့အခွင့်အရေးဆိုတာ ပုံပေါ်လာအောင် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁၆) နံပါတ်(၃)အရ အဖွဲ့အစည်းတစ်ခုနဲ့ အစိုးရက ကာကွယ်စောင့်ရှောက်နိုင်ရေး အားထုတ်တာကိုတော့ လူ့အခွင့်အရေးနှင့် မကိုက်ညီပါဘူးဆိုပြီး အော်နေကြတာတော့ သဘာဝမကျလှဘူးလို့ ထင်မြင်မိပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁၆၊၁၇၊၁၈)တို့အရ ဗုဒ္ဓနှင့် တခြားဘာသာဝင်များ ဘာသာခြား လူမျိုးနှင့် လွတ်လပ်စွာ ထိန်းမြားလက်ထပ်ခွင့် မရှိတရှိနှင့် အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်နှင့် ပြောင်းလဲနိုင်ခွင့်အပြင် မိမိကိုးကွယ်သော ဘာသာနှင့် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြ၊ ကျင့်သုံး၊ ၀တ်ပြု ကိုးကွယ်၊ ဆောက်တည်နိုင်ခွင့်တို့ ဆုံးရှုံးနေတာကို လူ့အခွင့်အရေးဆိုပြီး မအော်ကြဘဲ ဘာဖြစ်လို့ ငြိမ်သက်နေကြပါသလဲ။

အမျိုးသမီးတွေဟာ သူတို့ကြိုက်နှစ်သက်သလို ထိမ်းမြားခွင့် ရှိတာဟာ အခြေခံလူ့အခွင့်အရေးဖြစ်တယ်၊ မြန်မာအမျိုးသမီးတစ်ဦးချင်းစီရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်၊အမျိုးသမီးတစ်ဦးချင်းဆီရဲ့ ဆင်ခြင်တုံတရား၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ပဲ ဆိုင်တယ်၊ ဒါကို မဖြည့်ဆည်းပေးဘဲနဲ့ တားဆီးဖို့ဘဲ ကြိုးစားနေတာဟာ လက်မခံနိုင်ဘူးလို့ ပြောဆိုခြင်းဟာ ထိမ်းမြားလက်ထက်ပြီး နောက်ဆက်တွဲ အကျိုးဆက်သည် လူ့အခွင့်အရေးနှင့် မဆိုင်ဘူး၊ ကာကွယ်ပေးဖို့ မလိုအပ်ဘူးလို့ ဆိုလိုချင်တာပါလား?၊ အမျိုးသမီးတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ သက်ဝင်၊ကိုးကွယ်၊ သင်ပြ၊ ကျင့်သုံး၊ ဆောက်တည်ခွင့်ကို တရားဝင် ဥပဒေနှင့်အညီ အကာအကွယ်ပေးစရာ လုံးဝ မလိုအပ်တော့ဘူးလို့ ဆိုလိုချင်တာပါလား?၊

ဥပဒေမူကြမ်းဆိုတာ - နောပိုင်းဆွဲတဲ့ဟာတွေ ပိုပြီး လွတ်လပ်လာရမယ်၊ ပိုပြီး တရားမျှတတဲ့ ဥပဒေဖြစ်လာရမယ်၊ ရှိပြီးသား ဥပဒေက မလွတ်လပ်ရင်တောင် လွတ်လပ်တဲ့ ဥပဒေကို သွားရမှာ၊ ရှိပြီးသား ဥပဒေက ကောင်းနေတဲ့ ဟာကို ဖယ်ပြီး မကောင်းတဲ့ ဟာကြီးနဲ့ အစားထိုးမယ်ဆိုတာတော့ အန်တီတို့အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး- လို့ ဒေါ်ရွှေဇီးကွက်၏ ပြောဆိုခြင်းဟာ- လက်ထက်ထိမ်းမြားပြီးနောက်ပိုင်း လူမှုရေး၊ ဘာသာရေးစသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာအမျိုးသမီးလေးများကို လူ့အခွင့်အရေး စံချိန်၊စံညွှန်းတွေနဲ့ ချိန်ညှိပြီး နိုင်ငံတကာ အမျိုးစောင့် ဥပဒေတွေကို မှီငြမ်းကိုးကား ပြဋ္ဌာန်းကာကွယ်ပေးမဲ့ အမျိုးစောင့် ဥပဒေကို မကောင်းဘူးလို့ ဆိုလိုချင်တာပါလား?

လက်ထက်ထိမ်းမြားပြီးနောက်ပိုင်း လူမှုရေး၊ ဘာသာရေးစသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာအမျိုးသမီးလေးများကို ဒီအတိုင်း လက်ပိုက်ကြည့်နေပါလို့ ဆိုလိုချင်တာပါလား?၊

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားဆိုတဲ့ သုံးချက်ကို ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ ရင်ထဲ လေးလေးနက်နက် ရောက်သွားပြီး၊ လက်တွေ့ကျင့်သုံးလာတဲ့အထိ ဟောပြောပေးရုံပဲ တာဝန်ရှိတယ်။ အဲဒီထက်ပိုပြီး မဆိုင်တဲ့ ကိစ္စတွေကို ၀င်စွက်ဖက်တာတွေ၊ လူတွေကြားထဲ ၀က်စွက်ဖက်တာတွေကို လက်မခံနိုင်ဘူးလို့ ဒေါ်ရွှေဇီးကွက်၏ ပြောဆိုခြင်းဟာ- လူအခွင့်အရေး ကြေငြာစာတမ်းများနှင့် ဗုဒ္ဓနှင့် ဗုဒ္ဓရဟန်းတော်များ၏ လောကီ၊လောကုတ် အကျိုးစီးပွား အားထုတ်မှုကို ကန့်သတ်ချုပ်ချယ် ချင်တာပါလား?

ဆက်လက်ပြီး ဒေါ်ရွှေဇီးကွက်က-
သံဃာမှိုင်းတိုက်ခံနေရတာ ကြာပါပြီး၊ သံဃာကို ရိုသေပါတယ်၊ သို့သော်ဝိနည်းနှင့် ညီသော မြတ်စွာဘုရား ဟောကြားချက်နှင့် ညီသော သံဃာဖြစ်သင့်တယ်။ သံဃာဖြစ်တိုင်း ကြောက်နေရတယ်၊ သံဃာဖြစ်တိုင်း ဝေဖန်ခွင့် မရှိဘူးလို့ ဖြစ်လာရုံတင်မက အမျိုးသမီးတွေကိုပါ ဖိနှိပ်ချုပ်ချယ်သည်အထိ လုပ်လာတာကိုတော့ လုံးဝလက်မခံနိုင်ပါဘူး၊

မြတ်စွာဘုရား ဟောခဲ့တဲ့ သမ္မာသင်္ကပ္ပဆိုတဲ့ မှန်ကန်သော အတွေးနဲ့ ဝေဖန်ပိုင်းခြားမှုကို မလုပ်ရဲတဲ့အထိ အန်တီတို့ကို ဖိနှိပ်ချုပ်ချယ်လာရုံမျှမက အခု အမျိုးသမီးတွေကိုပါ ထပ်ပြီး ချုပ်ချယ်ဦးမှဆိုရင်တော့ အန်တီတို့ လုံးဝလက်မခံနိုင်ပါဘူးလို့ ပြောချင်ပါတယ်-တဲ့

(မျိုးစောင့်ဥပဒေကိုပယ်ချလိုက်တဲ့ရုပ်သံမှတ်တမ်း)
https://www.facebook.com/photo.php?v=10200837465532980&set=vb.1654188226&type=3&theater

No comments:

Post a Comment