လွှတ်တော်တင်မည့် အမျိုးစောင့် ဥပဒေမူကြမ်းကို (၂၇-၆-၂၀၁၃) ရက်နေ့တွင် ချမှတ်သွားမည်။
အမျိုးစောင့်ဥပဒေကို အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၏ လမ်းညွန်မှုဖြင့် ဖော်ဆောင်နေခြင်း ဖြစ်ပါသည်။
အရှင်ပညာဝရ (ဓမ္မဒူတ)က အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ ဥပဒေပညာရှင်များက
ရေးဆွဲကာ၊ အရှင်ဝီရသူက အထက်မြန်မာပြည် ပြည်သူ့လက်မှတ်ကောက်ခံရေးတာဝန်ကိုသာ ရယူထားကြောင်း သိစေအပ်ပါသည်။
“လွှတ်တော်တင်မည့်မူ လာတော့မည်”
လက်ရှိ အများပြည်သူလက်ထဲရောက်ရှိနေသော
မူကြမ်းသည် လွှတ်တော်တင်မည့် မူကြမ်းမဟုတ်ပါ။ ပြည်သူ့လက်မှတ်လိုချင်၍
အရေးပေါ်ချပြထားခြင်းသာ ဖြစ်ပါသည်။ လွှတ်တော်တင်မည့်မူကြမ်းကို (၂၇-၆-၂၀၁၃)
ရက်နေ့တွင် ချပြသွားမည်ဟု သိရပါသည်။
“အမျိုးစောင့်ဥပဒေ ဆိုသည်မှာ”
အမျိုးစောင့်ဥပဒေသည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို မတားမြစ်ပါ။ ကိုယ်ယုံကြည်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရကြသော တိုင်းရင်းသူများဘဝမျိုးကို မကျရောက်အောင် ကာကွယ်စောင့်ရှောက်ထားခြင်းသာ ဖြစ်ပါသည်။
ဘာသာကူးပြောင်းလိုက တရားဝင်ကူးပြောင်းခွင့်ပေးထားပြီး၊ လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဓားထောက်ခံရ၍ ကူးပြောင်းရခြင်းမျိုး မဖြစ်အောင် ကာကွယ်ထားခြင်းသာ ဖြစ်ပါသည်။
Wira Thu
No comments:
Post a Comment