ယနေ့မြန်မာနိုင်ငံ၌ နေရာဒေသအချို့တွင် မကြာခဏဖြစ်ပေါ်လျက်ရှိသော
ဒေသတွင်း
တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေသည့် မြစ်ဖျားခံရာသည်
သမိုင်းကြောင်း ကာလတစ်လျှောက် ဘာသာမတူသူများအကြား၊ အတူတကွ
နေထိုင်လျက်
ဘာသာမတူသူခြင်း၊ ပေါင်းသင်းလက်ထပ်ရာမှ မွေးဖွားလာသူ
များအထိ ဆက်ခံစားခွင့်များနှင့်
ဘာသာရေး၊ လူမျိုးရေး နယ်ချဲ့မှုဟု ထင်မြင်
ယူဆသည့် အကျိုးသက်ရောက်မှုများအပေါ်
စိတ်ခံစား နာကျည်းမှုများအခြေ
တည်၍ဖြစ်ပေါ်ကြောင်း၊
ထိုအခြေအနေများတွင်လည်းအကာကွယ်ပြု ဥပဒေ
ခိုင်မာစွာမရှိခြင်းတို့ကြောင့်
ဖြစ်ပေါ်ကြောင်း၊ တည်ရှိပြီးဥပဒေများအရလည်း
အကာအကွယ်
ပေးနိုင်မှု အားနည်းကြောင်း တွေ့ရှိရပြီး ထိုပြဿနာများကြောင့်နိုင်ငံတာ် တည်ငြိမ်အေးချမ်းမှုနှင့်
နိုင်ငံတကာ မျက်နှာစာကို ထိခိုက်မှုများ ရှိစေခဲ့သည်။
အနာဂါတ်မြန်မာနိုင်ငံတွင် အရှည်သဖြင့် ဘာသာမတူသူများ
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ခိုင်မာသော ဥပဒေများ ပြဌာန်း၍ အကာအကွယ်ပြုခြင်းသည်သာ
အကောင်းဆုံးသော နည်းလမ်းတစ်ရပ်ဟု ယူဆနိုင်ပါသည်။ တရားရုံးများသည် ဥပဒေဘောင်အတွင်းမှ
ပြဿနာများကိုသာ တရားစီရင်ရေးဖြင့် ဖြေရှင်းနိုင်သဖြင့် ဥပဒေအားနည်းချက်များကိုမူ ဥပဒေပြုခြင်းဖြင့်သာ ဖြေရှင်းပေးနိုင်မည်ဟု ဖေါ်ပြထားခြင်းရှိပါသည်။
မြန်မာနိုင်ငံတွင် တည်ရှိလျက်ရှိသော နိုင်ငံသား
လူမျိုးများ၊ ယုံကြည်ကိုးကွယ်သည့် ဘာသာ၊ သာသနာအချင်းချင်း ယုံကြည် ချစ်ကြည်မှုဖြင့်
သံသယကင်းစွာ ဆက်ဆံနိုင်ရေး၊ အမျိုးဘာသာ သာသနာနှင့် နိုင်ငံ့လူမျိုး မကွယ်ပျောက်ရေးအတွက်
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထက်ထိမ်းမြားခြင်းနှင့် ဆက်စပ်သော ဘာသာကူးပြောင်းမှုများ၊
အဆမတန် မျိုးဆက်ပြန့်ပွားခြင်းဖြင့် လူဦးရေ ထူထပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ
ပြဿနာများကို အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းကာကွယ်ခြင်းဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာစေမည့် အရေး တိုင်းရင်းသားစည်းလုံးညီညွှတ်မှု
ပြိုကွဲစေမည့်အရေး ကြိုတင်ကာကွယ်ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ ဆန္ဒပြု တင်ပြ မေတ္တာရပ်ခံအပ်ပါသည်။
အမျိုးစောင့်
ဥပဒေ ပေါ်ပေါက်ရေး ဦးဆောင်ဆရာတော်၊ သံဃာတော်များ...
×ဗုဒ္ဓသာသနာတော်ဆိုင်ရာ
သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကြီးမှ ×
No comments:
Post a Comment