မြန်မာပြည်တ၀န်း
ရဟန်းသံဃာတော်များ ဖြေဆိုတော်မူကြသည့် သာသနာရေးဝန်းကြီးဌာနက ကျင်းပေသော ဓမ္မာစရိယ စာမေးပွဲ
(၂၀၁၃) ၁၃၇၅-ခုနှစ်၊ အောင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ ရဟန်း,သံဃာအများစုက အသန့်ရှင်းဆုံး၊
အကျပ်ဆုံး စာဖြေဌာန-ဟု သိထားကြသည့် မန္တလေးမြို့၊ မဟာအောင်မြေစာဖြေဌာနသည် (၁၀)နှစ်တာကာလအတွင်း
စာရင်းသွင်း(၂၃၂၄)၊ ဖြေဆို(၁၉၉၄)၊ အောင်မြင်(ကျမ်းပြီး-၄၅၊ နှစ်ကျမ်းအောင်-၅၉၊ တစ်ကျမ်းအောင်-၆၀)၊
ရာခိုင်နှုန်း (၈.၂၂)ဖြင့် အောင်မြင်မှု ထက်ဝက်ကျော် ကျဆင်းသွားတယ်လို့ သိရပါတယ်။
အဆိုပါ အသန့်ရှင်းဆုံးဟု သိထားကြသည့် မန္တလေးမြို့၊ မဟာအောင်မြေစာဖြေဌာသည် မြန်မာနိုင်ငံတွင် နာမည်ကြီး ဓမ္မာစရိယစာသင်ကျောင်းသားများ အများဆုံး
သင်ကြားပေးသည့် မစိုးရိမ်တိုက်သစ်၊ မစိုးရိမ်တိုက်ဟောင်း၊ မြတောင်၊ ၀ိသုဒ္ဓါရုံကျောင်းတိုက်များမှ ရဟန်းသံဃာတော်များ ဖြေဆိုတော်မူကြတာဖြစ်ပြီး၊ နှစ်စဉ် (၁၈)ရာခိုင်းနှုန်းဝန်းကျင် အောင်မြင်လေ့ရှိပြီး၊
(၂၀၁၁)၁၃၇၃-ခုနှစ်က (၁၆.၁၂)ရာခိုင်နှုန်း အောင်မြင်ခဲ့ပါသေးတယ်။
အခုလို အသန့်ရှင်းဆုံး စာဖြေဌာနဟု နာမည်ကြီးပြီး
နာမည်ကျော် စာသင်တိုက်ကြီးများမှ စုဝေးဖြေဆိုတော်မူကြသော မန္တလေးမြို့၊ မဟာအောင်မြေစာဖြေဌာနသည်
ဒီနှစ်(၂၀၁၃)ခုနှစ်တွင် အောင်မြင်ရာမှုရာခိုင်နှုန်း (၈.၂၂)ဖြင့် ထက်ဝက်ကျော်ကျဆင်းသွားတာဟာ
တခြားစာဖြေဌာနတွေရဲ့ အောင်မြင်မှု ရာခိုင်နှုန်းတွေနှင့် ယှဉ်လျှင် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
အသန့်ရှင်းဆုံး စာဖြေဌာနကြီး တစ်ခုအနေနဲ့
တခြားစာဖြေဌာနတွေနဲ့ယှဉ်လျှင် အောင်မြင်မှု နည်းသွားရတာ၊ အောင်မြင်မှု ရာခိုင်နှုန်း ထက်ဝက်ကျော်
သိသိသာသာ ကျဆင်းခဲ့ရတာနှင့် ပက်သက်ပြီး
မစိုးရိမ်တိုက်ကြီးမှ
စာသင်သံဃာတစ်ပါးဖြစ်သော နှစ်ကြမ်းအောင်မြင်ထားပြီးတဲ့ အရှင်အာစာရမှ -
ဒီနှစ်မှာ မိတ္ထီလာ အဓိကရုဏ်တွေကြောင့် နယ်မြေမငြိမ်သက်မှုတွေကြောင့်
စာမေးပွဲ ဖြေဆိုရက်တွေ ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ရက်ရွှေ့လိုက်တာကလည်း သင်္ကြန်တွင်းကာလဖြစ်တာကြောင့်ရယ်၊
ကိုယ့်ရပ်ကိုယ့်ရွာ ပြန်သွားကြရတာကြောင့်ရယ် တို့ကြောင့် အချိန် နှောင့်နှေးသွားရပါတယ်။
ပုံမှန် လည်ပတ်နေကြ စာလုပ်နေတဲ့ အရှိန်လည်း ပျက်သွားပါတယ်။ အစိုးရမှ စာမေးပွဲ ပြန်လည်ကျင်းပဖို့
ကြေငြာတဲ့ ရက်ကလည်း အင်မတန် နီးကပ်လွန်းတယ်၊ ဒါကြောင့် ကျဆင်းသွားရတာပါ။
အစိုးရအနေနဲ့ မြန်မာပြည်တ၀ှမ်းရှိ စာဖြေဌာနအားလုံးကို
သန့်ရှင်းမှု တပြေးညီဖြစ်အောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးသင့်ပါတယ်၊ အရည်အချင်း ရှိသူတွေ
မှန်မှန်ကန်ကန် အောင်မြင်နိုင်ဖို့ တာဝန်ရှိတဲ့ စာစစ်ဆရာတော်တွေ အနေနဲ့လည်းပဲ စနစ်တကျ
ဆောင်ရွက်ပေးသင့်ပါတယ် လို့ မိန့်ကြားသွားခဲ့ပါတယ်။
No comments:
Post a Comment