![]() |
သတင်းဓါတ်ပုံ- မန္တလေးနေ့စဉ် သတင်း |
ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်းကို ဇူလိုင်လ(၁၈)ရက်နေ့ညနေ ၆နာရီခွဲက မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ကျင်းပခဲ့ပါတယ်။
ရှေဦးစွာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဋ္ဌေးကျော်က ကြိုဆိုမိတ်ဆက်စကား ပြောကြားပြီး ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ကျော်က ကျေးဇူးတင်စကား ပြန်လည်
ပြောကြားကာ တဖက်နှင့် တဖက် အမှတ်တရပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ညစာသုံးဆောင်ခဲ့ကြပါသည်။
အဆိုပါ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ USDP ပါတီ၊ တိုင်းလိုင်(ရှမ်းနီ)- ဦးစိုင်းမြင့်ကျော် ဦးဆောင်သော အဖွဲ့ဝင်(၂၆)ဦးတို့သည် နေပြည်တော်သို့ စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်၏ ဖိတ်ကြားချက်အရ သွားရောက်တွေ့ဆုံတာ ဖြစ်ပြီး၊ မြစ်ကြီးနားသို့ အပြန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ ဖိတ်ကြားချက်အရ သွားရောက်တွေ့ဆုံ ညစာစားခဲ့ကာ ကချင်ပြည်နယ်သို့ ပြန်လည် ထွက်ခွာခဲ့ကြပါတယ်။
လာမည့် ဇူလိုင်လ (၂၃) ရက်နေ့မှာ မြစ်ကြီးနားမြို့၊ မနောကွင်းအနီး KIA ဆက်ဆံရေးရုံးအဟောင်းတွင် ဆက်ဆံရေးရုံး ပြန်လည်ဖွင့်ပွဲ ပြုလုပ်မှာ ဖြစ်တာကြောင့် KIO နှင့် အစိုးရ ဆက်ဆံရေးတို့အကြား တိုင်းလိုင် ရှမ်းနီမျိုးနွယ်စုများ၏ အရေး ဘယ်အတိုင်းအတာထိ မြင့်တင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါသည်။
No comments:
Post a Comment