![]() |
အခင်းမဖြစ်စဉ် တရားဟောနေစဉ် |
ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေစဉ် တရားနာပရိသတ်များမှ ဆရာတော်ကို ပစ်တာ "အောက်ကိုဆင်းပါဘုရား အောက်ဆင်းပါဘုရား" ဟု အော်ဟစ်လျှောက်ထားကြ၍ ပလ္လပေါ်မှဆင်း၍
စင်ပေါ်တွင် ခဏထိုင်နေခဲ့သည်။
သံဃာတော်တ်ာများ အမျိုးသားများ စင်ပေါ်တက်လာပြီး ဦးဝီရသူကို ၀န်းရံကာကွယ်ထားကြသည်။
နိဗ္ဗာန်ဆော်မှ ကားဘီးပေါက်သည်ဟု ကြေညာသည်။ ဦးဝီရသူ တရားပြန်ဟောသည်။
တရားနာပရိတ်သတ်များ သုံးပုံတစ်ပုံသာ ကျန်တော့သည်။ ပလ္လင်နောက်ကျောမှာ ရုတ်ရုတ်သဲသဲဖြစ်နေဆဲ။ ရေစက်ချ အမျှဝေအပြီး တရားနာပရိသတ်များက ၀န်းရံကာ အနီးရှိ သစ္စပါရမီ တိုက်အိမ်ထဲ ပင့်ဆောင်ခဲ့ကြသည်။
![]() |
ဒေါ်အေးအေးခင် ၏ ပေါင်တွင် စူးနစ်ဝင်နေသော ခဲယမ်းစ တစ်ခု။ |
ထိမှန်စဉ် မနာကျင်၊ နောက်မှ ပူလောင်နာကျင်လာ၍ ဆေးခန်းသွားပြခဲ့ကြောင်း လျှောက်ထားသည်။
အဖွားကြီးတစ်ယောက် ပေါင်ရင်း ဗုံးစထိမှန်သွားသည်။
မြတောင်တိုက် ခေမာဝန်းကျောင်း မှ ကိုရင်ပညာသာမိ ပေါင်နှင့် ဒူးခေါင်ဒဏ်ရာရသွားသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ဃသ(၁၃)ရပ်ကွက်၊ အိမ်အမှတ် က(၃၀)နေ (အသံချဲ့စက် ဆရာ) ဦးကျော်ဝင်း (၃၆)နှစ် ခါးမှာ ဒဏ်ရာရသွားသည်။
![]() |
အသံချဲ့စက်ဆရာ ဦးကျော်ဝင်း၏ ဗိုက်ခေါက်ထဲ နစ်ဝင်နေသော ခဲယမ်းစ တစ်ခု။ |
ခဲယမ်းအစအနလေးများ အသားထဲစူးဝင်နေ၍ ၀ိုင်းဝန်းဖယ်ရှားပေးရသည်။
တရားပလ္လင်နောက်ကျောတွင် ချိတ်ဆွဲထားသော ဗီနိုင်းစ အစအန ထိမှန်ပေါက်ပြဲသွားသည်။ SE ကားဖြူ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ဘီး ညာဘက်ဘီး ထိမှန်ပေါက်ကွဲသွားသည်။ ကားအောက် ဆီတိုင်ကီ ယိုစိမ့်ထွက်ကျလာသည်။ ကားမှန်ပေါက်ပြဲ၊ ကားနောက်ခန်းဘေး အစအန ထိမှန်ပေါက်ပြဲသွားသည်။
ပေါက်ကွဲရာနေရာလမ်းမပေါ်တွင် ချိုင့်ငယ်တွင်းငယ်တစ်ခုလို ချိုင့်ဝင်သွားသည်။
၅င/၈၆၆၅ နောက်ပိုင်း ကိုယ်ထည် ယမ်းအစအနများ စင်၍ ပေါက်ပြဲသွားသည်။
ဦးဝီရသူ အပြန်အတွက် ကားတစ်စင်း သီးသန့်စီစဉ်ရင်း ဦးဝီရသူ၏ တပည့် လူငယ်နှစ်ယောက်နှင့် တရားပွဲပင့်သူ လူငယ်အချို့ စကားများကြ၍ ပရိသက် ရုတ်ရုတ်သဲသဲ ထပ်ဖြစ်သည်။
လုံခြုံရေး အရ ကားကိုစစ်ဆေးရာမှ စကားများရင်း လက်ပါသွား၍ ဦးဝီရသူ၏ တပည့် မောင်ဆံရှည် လက်သီးနှင့်အထိုးခံရသည်။
ကိုပြာလောင် ခြေနှင့် အကန်ခံရသည်။
နောက်ဆုံး ဦးဝီရသူ၏ ဒကာရင်းကားဖြင့် လာကြို၍ ကျောင်းသို့ ချောမောစွာ ပြန်ရောက်သည်။
၁၀း၃၀ နာရီ တရားပွဲပြီး၍ ၁၁း၀၀ နာရီမှ ကျောင်းရောက်သည်။
ယခု ည ၁၁း၃၀ နာရီအထိ ပေါက်ကွဲနေရာတွင် လုံခြုံရေးတင်းကျပ်ထားပြီး ကြိုးဝိုင်းထားကာ သေချာစစ်ဆေးနေပြီး၊ မပန်းနုအောင် ခြေထောက်ထဲ ယမ်းစနှုတ်မရ၍ ဆေးရုံကြီး OPT သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးသတင်းအရ ယ္ခုည ၁၂း၀၅ နာရီတွင် အောင်မြေသာဇံမှ ဒေါ်အေးခင်၊ အမည်မသိ အမေကြီးတစ်ဦး၊ ကိုရင်ပညာသာမိ၊ ဦးကျော်ဝင်း (အသံချဲ့စက်ဆရာ)၊ မပန်းနုအောင် တို့ ဆေးရုံတက်နေကြောင်း ဦးဝိရသူ ၏ facebook အင်တာနက် စာမျက်မှာ လည်း ဖော်ပြထားပါသည်။
Myanmar News Now
သစ်ထူးလွင်
နောက်ဆက်တွဲ
တရားပွဲပြီးခါနီးလောက်တွင် တရားဟောဓမ္မာသန ပလ္လင်အောက်သို့ ပစ်သွင်းဖေါက်ခွဲ၍ ထွက်ပြေးသွားရာ ၄င်းပစ်သွင်းဖောက်ခွဲသော အရာသည် တရားဟောပလ္လင်အောက်မှတဆင့် ပလ္လင်နှင့် ပေ(၃၀)ခန့်အကွာ လမ်းပေါ်တွင် ရပ်ထားသော toyota ကားတစ်စီးမှ ပေါက်ကွဲမှု ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုအချိန်ကြောင့် အမျိုးသမီးတစ်ဦးနှင့် ကိုရင်နှစ်ပါး ထိခိုက်ဒဏ်ရာ ရသွားခဲ့ရပြီး၊ ကတ္တရာလမ်း အရေပျော်သွားတယ်လို့ ဆရာတော်ဦးဝီရသူ၏ တရားပွဲသို့ လိုက်ပါသွားသော ဦးဇင်းတပါးမှ ပြောပြပါသည်။ ယင်းပေါက်ကွဲမှုသည် မီးတောက်အမြင့်ကြီး ထသွားတဲ့အတွက် ဗုံးပေါက်ကွဲမှုလို့ ယူဆတဲ့အကြောင်းလည်း ပြောပြပါသည်။
အဆိုပါ ဖောက်ခွဲမှုကို ပြုလုပ်သွားသွားတဲ့သူကို မြင်လိုက်ရကြောင်းနှင့် ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း သိတဲ့အကြောင်း ဆရာတော် ဦးဝီရသူနှင့် နီးစပ်သောသူများက ပြောဆိုနေကြပါတယ်။
No comments:
Post a Comment