မောင်အောင် ကိုဆန်း (ခ)ခါလစ် (မွတ်ဆလင်/အစ္စလာမ်)
သည် မခင်ပြည့်ဝင်း(ဗမာ/ဗုဒ္ဓ) အား မေတ္တာသက်ဝင် ချစ်ခင်၍ အကြင် လင် မယား
အဖြစ်ပေါင်းသင်းလိုကြောင်း လက်ထပ်ထိမ်းမြားခြင်းမပြုခင်
အစ္စလာမ်ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင်အအဖြစ်သို့ တရားဝင် ကူးပြောင်းမည်
ဖြစ်ကြောင်း ကမ်းလှမ်းလာသည့် အ ပေါ် တာဝန် ရှိသူများမှ လက်ခံပြီး ဝန်ခံကတိ
စာချုပ်၌ လည်း လက်မှတ်ရေးထိုးကာ အမျိုးစောင့် ဥပ ဒေပါ အချက်အလက်များနှင့်
အားလုံးမပြည့်စုံသော်လည်း အထိုက်အ လျောက်လိုက်နာကျင့်သုံးခဲ့ပါသည်။
ကတိဝန်ခံချက် (၈ ၇ ၂၀၁၃) ရမည်းသင်းမြို့ အောင် မင်္ဂလာအုပ်စု ဝါတိုး အ နောက်
ရပ်ကွက်နေ အဘ ဦးမောင် လှ အမိဒေါ်ဖြူဖြူဝင်းတို့၏ သားဖြစ်သူ ကျွန်တော်အောင်
ကိုဆန်း (ခ) ခါလစ် မှတ်ပုံတင် အမှတ် ၉/ရမသ (နိုင်)၁၀၄၁၄၀ သည်
အစ္စလာမ်ဘာသာဝင် မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ မည်သူတစ်ဦးတစ်ယောက်၏
ဖျားယောင်းသွေးဆောင် ချိန်းခြောက်မှုမပါ မိမိသ ဘောဆန္ဒဖြင့်
ဘာသာကူးပြောင်းခဲ့ပါသည် နောင် တစ်ချိန် ဗုဒ္ဓဘာသာဝင်အဖြစ်မှ
အခြားဘာသာသို့ကူးပြောင်းခဲ့သော်
သာသနာညှိုးနွမ်းစေမှု ၂၉၅ (က) ဖြင့် အ ရေးယူ
ခံပါမည် ဟု ပါရှိပါသည်။
ထို ကတိဝန်ခံ ချက်သည် ခရိုင် သာသနာရေး
မှူးရုံး ၌ သာသနာရေးမှူး ဦးမျိုးဝင်းအောင် နှင့် ဝါတိုးရပ်ကွက်ကြီး
အုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်၌ မောင်အောင်ဆန်းကို (ခ)မောင် ခါလစ်
ကိုင်လက်မှတ်ရေးပါသည် ရမည်းသင်း ၌ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် တို့
သည် ရှေးယခင် ထဲက ဘာသာဝင် အချင်းချင်း လေးစားနားလည်ခဲ့ ခဲ့ကြရာ အခု
လည်းအမျိုးစောင့် ဥပ ဒေ ကို လေးစား လိုက်ကြောင်း ပြသသည့် သာဓက ပင်
ဖြစ်ပါသည်။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ
လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပ ဒေ (မူကြမ်း ၌ မည်သူမဆို မြန်မာဗုဒ္ဓဘာသာ
အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ် ရမည်
ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို
လက်ထပ်ပေါင်းသင်းမည်ဆိုပါက် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်
လက်မှတ်ရှိထားသူဖြစ် ရမည် ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏
မိဘ (သို့)အုပ်ထိန်းသူ ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည်
အထက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို
သက်ဆိုင်ရာကျေးရွာ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင်
လက်မှတ်ရေးထိုးလက်ထပ် ရမည်။
အထက်ပါ ပြဌာန်းချက်အတိုင်း မလိုက်နာပဲ
မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်ခြင်း ပေါင်းသင်းခြင်း ပြုလုပ်ပါက
ထိုသူကို ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင်
ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေး ရမည်
ဟုပါရှိပါသည်။
မင်းကျောင်း စန္ဒော
https://www.facebook.com/minkyaungsdbt/posts/1400292990185641
No comments:
Post a Comment