Saturday, July 27, 2013

အတိတ်မကောင်းသော အနာဂါတ်များ၏ ပိုင်ရှင်

မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းစစ်ရှောင်စခန်းမှ တိုင်းလိုင်(ရှမ်းနီ) ကျောင်းသား/သူများ ဆော့ကစားနေစဉ်
ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးခရီးသည် လိုအပ်ချက်ပေါင်းများစွာနှင့် ရှည်လျားတွန့်ဆုပ်နေလွန်းသည်ဟု ထင်သည်။
ရှည်လျားတွန့်ဆုပ်နေသော ငြိမ်းချမ်းရေးခရီးစဉ်ကြားမှာ တကိုယ်ရည်တကာယ ရပ်တည်နိုင်ရေး၊ မိသားစုဘဝ
လည်ပတ်နိုင်ရေးနှင့် မိမိတို့ ရင်သွေးငယ်များ၏ ပညာရေးသည်လည်း နေ့စဉ်နှင့်အမျှ စဉ်းစားရပ်တည်နေရသော
ကချင်ပြည်နယ်တွင်းက စစ်ရှောင်စခန်းအသီးသီးမှ စစ်းဘေးရှောင် မိဘပြည်သူ မိသားစုတစ်ခုချင်းစီ၏ ဘ၀လုံခြုံရေး၊
ခိုင်မြဲသော မိသားစုဘ၀အဖြစ် ရပ်တည်နိုင်ရေးတို့သည် ကိုယ့်ကံကြမ္မာကို ဖန်းတီးခွင့်မရသေးသော အခြေအနေများနှင့်
နေ့စဉ် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေရသော

ပဋိပက္ခများဖြစ်သည်၊ ဘ၀တစ်ခု၊ မိသားစုတစ်ခု၏ အခြေခံကျသော
အနူးညံ့ဆုံးနှင့် ကမ္ဘာ့အကြီးမားဆုံး ထိုပဋိပက္ခများသည် စစ်အေးကာလဖြစ်တဲ့ ယခုလိုအခါမျိုးမှာတောင် တခါတခါမှ
ထဖြစ်တတ်တဲ့ မထင်ရှားသော စစ်ပွဲလေးတွေရဲ့ အောက်မှာ မှေးမှိန် ဝေး၀ါးနေရဆဲလဲ ဖြစ်သည်။

ထိုစစ်ရေးပဋိပက္ခနှင့် မိသားစု ပဋိပက္ခတွေရဲ့ ဒဏ်ကို အဓိကခံကြရတာတော့ အနာဂါတ်များရဲ့ပိုင်ရှင် နုနယ်သော
အဖြူရောင် နှလုံးသားများ၏ ပိုင်ရှင် ကျောင်းသူ/သားလေးများပဲ ဖြစ်သည်။ စစ်ရှောင်စခန်းမှ ကျောင်းသူ/သားလေးများသည်
ကျောင်းနေသော ကျောင်းသူ/သား အချင်းချင်းတူသော်လည်း “စစ်ရှောင်စခန်းမှ” ဟူသော သိမ်ငယ်စိတ်သည် စစ်က
ပေးသော လက်ဆောင်တစ်ခုအနေနဲ့ မလွဲမသွေ လက်မခံချင်ဘဲ လက်ခံကြရပေသည်။ သူတို့လေးများသည် အနာဂါတ်
နိုင်ငံတော်ရဲ့ ကြယ်ပွင့်လေးများ ဖြစ်သလို၊ နိုင်ငံ့အနာဂါတ်သည် သူ့တို့လေးများရဲ့ လက်ထဲကို မလွဲမသွေ ရောက်ရမည်လည်း ဖြစ်သည်။


မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းစစ်ရှောင်စခန်းမှ ကျောင်းသူ/သားလေးများ
ထိုသို့ အနာဂါတ်ကို ဆုပ်ကိုင်မဲ့ သူတို့လေးများရဲ့ နုနယ်သော အဖြူရောင်နှလုံးသားထဲကို စစ်ရဲ့ အငွေ့အသက်
ဒဏ်ရာ/ဒဏ်ချက်တွေကို ကပ်ညှိစွဲကပ် ပါမသွားသင့်ပါဘူး။ မိသားစု တံတိုင်းကို မကျော်လွန်နိုင်သော
ဒဏ်ရာ/ဒဏ်ချက်တွေကို ကာကွယ်ပေးနိုင်သော်လည်း ထိုတံတိုင်းကို ဖြတ်ကျော်၍ သူတို့လေးတွေရဲ့ ဘ၀ထဲကို စိမ့်ဝင်
ကျရောက်လာတဲ့ စစ်ရဲ့ ဒဏ်ရာအရှိန်နဲ့ အငွေ့အသက်တွေကို ဆက်လက်မကြီးထွားစေဖို့ သက်ဆိုင်ရာ
လက်နက်ကိုင်ထားတဲ့ နှစ်ဘက်သော ခေါင်းဆောင်ပုဂ္ဂိုလ်တွေ အပူတပြင်း ထည့်သွင်းစဉ်းစားရန် လိုပေသည်။

ငြိမ်းချမ်းရေး ခရီးစဉ် တွန့်ဆုပ် ကြန့်ကြာနေလျှင် နိုင်ငံအနာဂါတ်ကို လက်လွှဲ ပခုံးပြောင်း ယူကြမယ့်
သူတို့လေးများသည်ုစစ်ရဲ့ ဒဏ်ရာဒဏ်ချက်၊ ဖိနှိပ်ခွဲခြား ခံရမှုတွေရဲ့ အမြင်ရလာဘ်တွေနဲ့အတူတကွ နိုင်ငံ့အနာဂါတ်ကို
လက်ခံခဲ့သော် ရှည်လျားသော သမိုင်းအရှုပ်အထွေးနှင့် အတွင်းကြေ၍ ပြိုကွဲနေသော တိုင်းရင်းသား စည်းလုံးညီညွှတ်မှု
အခြေအနေများသည် ဆောက်နှင့် ထွင်းရမည်ကို ပုစိန်နှင့် ထွင်းရတော့မည်ကဲ့သို့ ဖြစ်ချေနေတော့မည်။

No comments:

Post a Comment