Tuesday, July 9, 2013
တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ KIA ၏ ပစ်ခတ်ခြိမ်းခြောက်ခြင်း ခံရ။
၂၀၁၃-ခုနှစ်၊ ဇူလိုင် (၈)ရက်
ကချင်ပြည်နယ်-မြစ်ကြီးနားမြို့နယ်-တာလောကြီးဒေသ
ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလဖြစ်သည့် ယခုအချိန်တွင်ပင်လျှင်-
တာလောကြီး ရပ်ကွက်(၂)နေ စက်လှေဆရာ ဦးကျော်၊ မောင်းနင်သည့် အင်းလေးဘုတ်(စက်လှေငယ်)၌ တာလောကြီး ရဲစခန်းမှ ရဲအုပ် ဦးဝင်းလှိုင် ဦးစီးအဖွဲ့(၅)ဦးနှင့် တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းထူး တို့အဖွဲ့သည် သဲကျောက်နှင့်ကျောက်စရစ်များ စမ်းသပ်ထုတ်လုပ်ရေး လုပ်ငန်း အောင်ချမ်းသာ ကုမ္ပဏီ တာဝန်ခံ ဦးလှဝင်း တို့အား ညွှန်ကြားမှုများ ပြုလုပ်ရန် သွားရောက် ကွင်းဆင်းစီစစ် ဆောင်ရွက်ရန် သွားရောက်စဉ်၊ တာလောဒေသ အရပ်အခေါ် အာလူးကျွန်း (မြစ်ကြီးနား-ဆင်ဘို-ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိကျေးရွာ)(ခ.မ.မ.ပ.ည L-H 200750)နေရာတွင် ရောက်ရှိစဉ် ယင်းအောင်ချမ်းသာ ကုမ္ပဏီ စက်လှေများကို မတွေ့သဖြင့် တာကပ်ကျေးရွာသို့ ဆက်လက်ထွက်ခွာလာစဉ် နံနက်(၁၀း၀၀)နာရီ အချိန်တွင် အာလူးကျွန်းအနီးရှိ တာပဒေါင်းကျေးရွာ တောင်ဘက်(အောက်ဘက်) (၂)မိုင်ခန့် အကွာ (ခ.မ.မ.ပ.ည L-H 203714) ပြောင်းဖူးခင်း နေရာတွင် KIA သောင်းကျန်းသူအဖွဲ့ ယင်း(၁၁)မှ ဦးစီး၊ အင်အား(၅)ဦးမှ လက်နက်ငယ်များဖြင့် (၁၀)ချက်ခန့် ရန်စ ပစ်ခတ်ခဲ့ကြောင်း တာလောကြီးဒေသခံ ပြည်သူတဦး၏ ပြောကြားချက်အရ သိရပါသည်။
ယင်းပစ်ခတ်မှုတွင် ထိခိုက် ဒဏ်ရာရမှု မရှိကြောင်းနှင့် KIA/KIO တို့သည် ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလ ဖြစ်သည့် ယခုအချိန်တွင် ဤကဲ့သို့ ရန်စ ပစ်ခတ်မှုများပြုလုပ်လာခြင်းသည် ငြိမ်းချမ်းရေးကို ပျက်ပြားစေလို၍လား?
အများပြည်သူတို့ကို ညှင်းပမ်းနှိပ်စက်လို၍လား? လက်နက်အားကိုး အနိုင်ကျင့်လို၍လား? သို့လောသို့လော စဉ်းစားတွေးတောစရာပင်…
written by Ko lawin
Subscribe to:
Post Comments (Atom)
No comments:
Post a Comment