![]() |
သတင်းဓါတ်ပုံ - kachindailynews |
၁။ ဂွေထုရွာသည် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၏ အရှေ့ဖက် (၁၄)မိုင်အကွာရှိ ရှမ်း (တိုင်းလေရှမ်းမျိုးနွယ်စု)ရွာ တစ်ရွာဖြစ်သည်။ အိမ်ခြေ (၁၂၀)ခန့်ရှိသည်။ နမ့်ဟဲ နှင့် နမ့်ထုန် ကြားရှိ ကွင်းပြင်ဖြစ်သည်။ ၁၈၃၀-ခုနှစ်တွင် ဂွေထုကျေးရွာကို တည်ထောင်ခဲ့သည်။
မူလရွာမည် ဖန်ကွီ (၀ါဂွမ်းရွာ)
၂။ တစ်ရွာလုံး အိမ်တိုင်း၊ ခြံတိုင်း၊ အ၀တ်အစား၊ စောင်၊ ခြုံထည်များ ယက်လုပ်သည့် ၀ါချည်များရရှိရေးအတွက် ၀ါဂွမ်းစိုက်ပျိုးသည့် ရှမ်းရွာလေးဖြစ်သည်။ ရှမ်းဘာသာဖြင့် ဖန်ကွီ-ဟုခေါ်တွင်ခဲ့သည်။ နောက်ပိုင်းတွင် ကချင်လူမျိုးများ မြေပြန့်ဒေသသို့ ရောက်ရှိလာပြီး၊
၎င်းကျေးရွာကို ဂွေထု-ဟု ခေါ်ဆိုရာမှ ယင်းဂွေထု အမည်တွင်လာခဲ့သည်။
နောက်ခံသမိုင်း
၃။ လက်ရှိ ဂွေထုရွာသားများ၏ ဘိုးဘေးများသည် ဖန်ကွီ (ဂွေထု)ရွာမတည်မီ၊ ခရစ်နှစ် ၁၈၀၀ ခန့်တွင် ယခုဂွေထုရွာ၏ အရှေ့ဖက် (၆)မိုင်ခန့်ရှိ တောင်ထိပ်နှစ်ခု၏ တောင်ခြေတွင် မန့်မတ်ခိုလွမ် (ဇီးသီးလုံးရွာ)၊ မန့်ခါလီ (ရှာဖွေစား သောက်ရန်လွယ်ကူသောရွာ)၊ မန့်ပန်ဆောင်း (နားနေကွင်းရွာ) စသည့် ရွာသုံးရွာရှိခဲ့သည်။ နှစ်ဆယ်စုခန့်ကြာသောအချိန်တွင် လူဦးရေ၊ အိမ်ခြေများ တိုးပွားလာခြင်း၊ စိုက်ပျိုးလုပ်ကိုင်ရန် ဥယျာဉ်ခြံမြေ လယ်ယာမလုံလောက်မှုကြောင့် မြေနေရာရှာဖွေရာမှ ယခုဂွေထုရွာ တည်ရှိရာဒေသကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
၎။ ခရစ်နှစ် ၁၈၃၀-နှစ်တွင် ကျေးရွာအုပ်စု သူကြီးဦးကိန်းခမ်း ၏ဦးဆောင်မှုဖြင့် တောင်ခြေရှိ ရှမ်းရွာ(၃)ရွာကို ယင်းမြေပြန့်လွင်ပြင်နေရာသို့ ပြောင်းရွေ့၍ ဖန်ကွီရွာ အဖြစ်တည်ထောင်ခဲ့ကြသည်။ စားဝတ်နေထိုင်ရေး၊ အသက်မွေးဝမ်းကြောင်းအတွက် လယ်ကွင်းများ၊ စိုက်ခင်းများ ဖော်ထုတ်ခဲ့သည်။ အ၀တ်အထည်အတွက် ၀ါချည်၊ ၀ါဂွမ်း ကို အိမ်တိုင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ကြ
၅။ မိမိတို့ အားထားကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာ၏ သာသနာ့ အဆောက်အဦး ဘုန်းတော်ကြီးကျောင်းကို ၁၈၆၀-ခုနှစ်ခန့်တွင် ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးကျောင်း၏ တိုင်များသည် လုံးပတ်(၄)ပေရှိပြီး၊ တိုင်အရှည်မှာ ပေ(၂၀)ရှိသည်။
၆။ ခရစ်နှစ် ၁၈၉၀-ခန့်တွင် ဂွေထု(ဖန်ကွီ)ရွာသို ဗြိတိသျှနယ်ချဲ့အစိုးရတပ်များ ရောက်ရှိခဲ့သည်။ ဗြိတိသျှစစ်တပ်သည် (၆)လခန့် တပ်စွဲ နေထိုင်ခဲ့သည်။ ထိုဗြိတိသျှတပ်များ ပြန်လည်ဆုတ်ခွာသွားသောအခါ အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးသည် ဂွေထုကျေးရွာမှ ရှမ်းသမီးပျို နန်းအီ-အား ဇနီးမယားအဖြစ် ခေါ်ဆောင်သွားခဲ့သည်။ နန်းအီ-သည် ရွာသို ပြန်လည်ရောက်ရှိလာခြင်း၊ ဆက်သွယ်ခြင်းမရှိခဲ့ပါ။ ယခုချိန်ထိ မည်သည့်သတင်းမျှလည်း မကြားသိရပါ။
ပတ်ဝန်းကျင်အခြေအနေ
၇။ ထိုစဉ်ကာလ ဂွေထုရွာ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ (၁၀)မိုင် ပတ်ဝန်းကျင်တွင် မည်သည့်ကျေးရွာမှ မရှိခဲ့ပါ။ ခရစ်နှစ် ၁၉၀၀-ပြည့်နှစ်၌ ဂွေထုကျေးရွာမှ (၃)မိုင်ကျော်ခန့်တွင် ကချင်(ဂျိန်းဖော)ရွာများ စတင်ရောက်ရှိလာသည်။ ယင်းကာလ မရှေးမနောင်းမီပင် ဂွေထုကျေးရွာ၏ မြောက်ဖက် တစ်မိုင်ကျော်တွင် ရှမ်း(တိုင်လေ ရှမ်းမျိုးနွယ်စု)၏ မန့်ကန်ရွာ၊ (၃)မိုင်အကွာတွင် ရှမ်းရွာ မန့်ခန်ဆိ (ခြင်္သေ့ရွာ) ရွာ နှစ်ရွာပေါ်ပေါက်ခဲ့သည်။
၈။ မန့်ကန်ရွာဘေးရှိချောင်းသည် အနောက်မှ အရှေ့သို့ ပြောင်းပြန်စီးနေခြင်းကို အကြောင်းပြု၍ ကချင်များက ထိုမန့်ကန်(ခေါ်)ရှမ်းရွာကို ကချင်ဘာသာဖြင့် ခကန် ဟုခေါ်ခဲ့သည်။ ယခု လူသိများ၊ အခေါ်များနေသည်မှာ ခတန်ရွာ ဖြစ်သည်။
ဒုတိယကမ္ဘာစစ် စစ်ဘေးဒဏ်ခံရ
၉။ ၁၉၄၀-ခုနှစ်၊ မေလတွင် ဗုံးကြဲလေယာဉ်များ ရောက်ရှိလာပြီး၊ ဂွေထုကျေးရွာအား ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။ တစ်ရွာလုံးရှိ အိမ်များ၊ စပါးတိုက်(စပါးကျီ)များ အားလုံး မီးလောင်ပြာကျခဲ့ရသည်။ ဗုံးကြဲလေယာဉ်မှ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂)ဦးသေဆုံးခဲ့ရသည်။ ယင်းအမျိုးသမီး နှစ်ဦးမှာ-
(၁) မဆိုင်းတင်၊
(၂) မဆိုင်ယား တို့ဖြစ်သည်။ ထိုသို့ ဗုံးကြဲပစ်ခတ်ခဲ့သော လေယာဉ်များမှာ မည်သည့်နိုင်ငံ၊ မည်သည့်စစ်တပ်က လေယာဉ်များဖြစ်ကြောင်းကို ယခုချိန်ထိ ရွာသားများ မသိကြသေးဟုဆိုသည်။
၁၀။ ၁၉၄၁-ခုနှစ်၊ ဖက်ဆစ်ဂျပန်များ ၀င်ရောက်ခဲ့သည်။ ၁၉၄၂-၄၃ ခုနှစ်တွင် မဟာမိတ်တပ်များ၏ လေယာဉ်များ မကြာခဏ ဗုံးကြဲပစ်ခတ်မှုကြောင့် ရွာထဲတွင် မည်သူမျှ မနေရဲကြပေ၊ ကျောင်းထိုင်ဆရာတော်အပါ တစ်ရွာလုံး တောတောင် သစ်ပင်ခြုံနွယ်များတွင် ပုန်းအောင်နေခဲ့ကြရသည်။
ဗုဒ္ဓဘာသာတို့၏ ဘုန်းတော်ကြီးကျောင်အား ကချင်တပ်များ မီးရှို့ဖျက်ဆီး
၁၁။ ခရစ်နှစ် ၁၉၄၄-ခုနှစ်တွင် အမေရိကန်စစ်ကြောင်းနှင့်အတူ ကချင်တပ်များ ဂွေထုကျေးရွာသို့ ရောက်ရှိခဲ့သည်။ ၁၈၆၀-ခုနှစ်တွင် မိမိတို့ချွေးနည်းစာဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို ညဥ့်(၇း၀၀)နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ရွာသူရွာသားများသည် ပုန်းအောင်းရှောင်တိမ်းနေချိန်ြ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို ပြန်လည်ဆောက်လုပ်လှူဒါန်းခြင်း
၁၂။ ၁၉၄၈-ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၀-၄၁-မှစ၍ ရှောင်တိမ်နေသော ဂွေထု-ကျေးရွာသူကြီး ဦးလခေ- ပြန်လည်ရောက်ရှိလာသည်။ သူကြီး၏ တာဝန်များကို ပြန်လည်ဆက်လက်တာဝန်ယူသည်။ ၁၉၅၁-၅၂-ခုနှစ်တွင် ပျဉ်ခင်း၊ ပျဉ်ကာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တစ်ဆောင်ကို ပြန်လည်ဆောက်လုပ်လှူဒါန်းကြသည်။
KIA ခေါ် ကချင်လက်နက်ကိုင်အဖွဲ့များ ရောက်ရှိလာခြင်း
၁၃။ ၁၉၆၂-ခုနှစ်၊ မတ်လတွင် KIA ခေါ် ကချင်တောတွင်း လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားရောက်ရှိလာသည်။ ယင်းအဖွဲ့ရောက်ရှိတိုင်း ရွာမှ ထမင်းကောင်း၊ ဟင်းကောင်းဖြင့် ကျွေးမွေးဧည့်ခံရသည်။ အဆူအပူ အကြိမ်းအမောင်း ညှင်းပန်း နှိပ်စက်မှုခံကြရသည်။ ၄င်းတို့စခန်းချရာ လမ်းကြို လမ်းကြား တောင်ခြောက်ကမ်းပါးသို့ ခက်ခဲပင်ပန်းစွာ ထမင်းဟင်း၊ ရိက္ခာများ ပို့ပေးကြရသည်။
လက်နက်ကိုင် KIA ကချင်လူရိုင်းများ၏ လူမဆန်မှုများ
၁၄။ KIA ခေါ် ကချင်လက်နက်ကိုင်များကို မည်သို့ပင် အလျော့ပေး၊ အနစ်နာခံ၊ ပေးကမ်းကျွေးမွေး ဆက်ဆံခဲ့သော်လည်း ထိုလူရိုင်း ကချင်များသည် ရွာသူရွာသားများအပေါ် အကောင်းမမြင်၊ အကောင်းမထင်၊ အပြစ် မရှိသည်ကို အပြစ်ရှိအောင်ကြံဖန်၍၊ မဟုတ်မမှန်စွပ်စွဲခြင်းတို့ကို ပြုလုပ်ကြသည်။ ၄င်း မဟုတ်မမှန် စွပ်စွဲမှုကို သေဒဏ်ပေး သတ်ဖြတ်ခြင်း၊ ရက်စက်စွာ ညှင်းပန်းသတ်ဖြတ်ခြင်း စသည်တို့ကို တစ်ရွာလုံးရှိ ရွာသူရွာသားများ မကြည့်မနေရ ကြည့်ခိုင်းပြီး၊ လူမဆန်စွာ ရက်စက် ရိုင်းစိုင်း ကြမ်းတမ်းသော KIA တို့၏ လုပ်ရပ်များကို ဂွေထုကျေးရွာ၏ ဖြစ်စဉ်တွင် အောက်ပါအတိုင်း ဖြစ်ပွားခဲ့ပါသည်။
(က) ၁၉၆၃-ခုနှစ်၊ ဇန်န၀ါရီလတွင် KIA တို့ ရောက်ရှိလာပြီး၊ လယ်တောတွင် စပါးနယ် (စပါးနှင်း)နေသော ဂွေထုရွာသား လောမန်(ခေါ်) ရှမ်းလူငယ်တစ်ဦးကို ဖမ်းဆီး၍ အစိုးရစုံထောက်ဟု စွပ်စွဲကာ လှံစွပ်နှင့် အကြိမ်ကြိမ် ထိုးသတ်ခဲ့သည်။ ထိုသို့ ထိုးသတ်သည်ကို တစ်ရွာလုံးရှိ ရွာသူရွာသားများအား ၀ိုင်းကြည့်ခိုင်းသည်။ မရှုမလှ အသတ်ခံခဲ့ရသည်။ ရင်နှင့်စရာမြင်ကွင်းအဖြစ် ရွာသူရွာသားများ၏ စိတ်နှလုံးတွင် ယခုတိုင် ထင်ကျန်ရစ်ခဲ့သည်။
(ခ) ၁၉၆၃-ခုနှစ်၊ မတ်လတွင် KIA တို့ရောက်ရှိလာပြီး၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၌ ရွာလုံးကျွတ် ခေါ်ယူ စုဝေးခိုင်းသည်။ ကျောင်းတံခါးကို ပိတ်သည်။ မည်သူမျှ စကားမပြောရ၊ ထိုရွာသားထဲမှ နှစ်ယောက်ကို ရွေးထုတ်သည်။ အစိုးရစစ်ကြောင်း လမ်းပြသူဟု စွပ်စွဲ၍ နှစ်ယောက်စလုံးကို ဓါးဖြင့် ခုတ်သတ်သည်။ တစ်ရွာလုံးကို ၀ိုင်းကြည့်ခိုင်းသည်။ အသတ်ခံရသူများမှာ- ၁။ မောင်ဆိုးပေါင်း နှင့် ၂။ မောင်အိုက်ရွက် တို့ဖြစ်သည်။ ဤဖြစ်ရပ်သည်လည်း ယခုတိုင် ရင်နင့်စရာအဖြစ် ကျန်ရစ်ခဲ့သည်။
(ဂ) ၁၉၆၃-ခုနှစ်၊ မေလတွင် KIA တို့ရောက်ရှိလာပြီး၊ ရွာသားအားလုံးကို ရွာ၏အနောက်ဖက်ရှိ ညောင်ပင်ကြီး အောက်တွင် စုခိုင်းသည်။ ရွာထဲမှ ရှမ်းအဘိုးကြီးနှစ်ယောက်ကို ဗေဒင်ဆရာဟု စွပ်စွဲသည်။ ယင်းဗေဒင်ဆရာတို့က အစိုးရစစ်ကြောင်းအား ဗေဒင်တွက်ပေးသောကြောင့် KIA တို့ နစ်နာခဲ့ရသည်ဟု ကြံဖန်စွပ်စွဲကာ ၀ါရင်းတုတ်ဖြင့် ပြင်းထန်စွာ ရိုက်နက်ခဲ့သည်။ ရိုက်နက်ခံ ရှမ်းအဘိုးကြီးနှစ်ဦးမှာ- ၁။ ဦးပူက -အသက်(၆၀)နှစ်၊ ၂။ ဦးပူဆန်အိုက်- အသက်(၅၈)နှစ်တို့ဖြစ်သည်။ ရိုက်နက်ပြီး (၁၀)ရက်အကြာ ည(၇း၀၀)နာရီ အချိန်ခန့်တွင် ရွာလယ်၌ ယင်းရှမ်းအဘိုးကြီး နှစ်ဦးအား သေနတ်ဖြင့် ၀ိုင်းပစ်သတ်သွားခဲ့သည်။ ဤသည်လည်း တစိမ့်စိမ့်တွေး တနင့်နင့် ရင်နာရသည့် ဖြစ်ရပ်ပင်ဖြစ်တော့သည်။
(ဃ) ၁၉၆၄-ခုနှစ်၊ မေလကုန်ခါနီးတွင် ခ.လ.ရ(၂၄)မှ ဗိုလ်ကြီးဆွမ်ယော်၊ ဗိုလ်ကြီးတင်အေး၊ ခ.လ.ရ(၄၅)မှ ဗိုလ်ကြီးတင်ထွန်း၊ ဗိုလ်ကြီးကျော်ရီ တို့ စစ်ကြောင်းနှစ်ကြောင်းပူးတွဲပြီ
(င) ၁၉၆၆-ခုနှစ် မေလတွင် KIA သည် အစိုးရတပ်မတော် စစ်ကြောင်းများရှိသော တပ်စခန်းများကို သွားရောက် မတိုက်ခိုက်ရဲဘဲ၊ အင်အားနည်းသည့် ဂွေထုကျေးရွာသို့ အင်အားများစွာဖြင့် ၀င်တိုက်ခဲ့သည်။ ထိုတိုက်ပွဲသည် နံနက် (၄း၀၀)နာရီမှ နံနက်(၆း၀၀)နာရီထိ တိုက်ခိုက်ခဲ့သည်။ KIA အင်အားသည် လက်နက်အပြည့်အစုံနှင့် လူအင်အား (၁၀၀)ခန့်ရှိသည်။ ဂွေထု ပြည်သူ့စစ်လက်နက်အင်အားမှာ သေနတ်(၁၅)လက်ဖြင့် မိုးလင်းသည်အထိ ရဲရဲဝံ့ဝံ့ ခုခံတိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်။ ရွာသူရွာသားများ လုံးဝ ထိခိုက်မှုမရှိခဲ့ပါ။
(စ) ၁၉၆၇-ခုနှစ်တွင် ဂွေထုရှမ်းရွာ ပတ်ဝန်းကျင်တွင်ရှိသော ကချင်ကျေးရွာများကို ဂွေထုကျေးရွာသို့ ခေါ်ယူစုစည်းခဲ့သည်။ ရှမ်းများကိုအစဉ်အမြဲ ဒုက္ခပေးနေသော ကချင်များကို ရှမ်းရွာသို့ ခေါ်ယူစုစည်းခဲ့ခြင်းသည် အလွန်မိုက်မဲမှုနှင့် မရိုးသားမှု၊ ယုတ်မာမှုများသာဖြစ်သည်ကို ပေါ်လွင်စေခဲ့သည်။
(ဆ) ၁၉၆၈-ခုနှစ်တွင် တပ်စခန်းမှ ရဲဘော်များနှင့်ပြည်သူ့စစ်တို့ ပူးပေါင်းအဖွဲ့သည် ၀ိုင်းမော်မြို့နယ်၊ ၀ါးရှောင်ရွာမှ ရိက္ခာထုတ် အပြန်လမ်းတွင် KIA တို့ ခြုံခိုတိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်(၃)ဦး ကျဆုံးခဲ့ရသည်။ ယင်းတို့မှာ-
၁။ မောင်အိုက်ကမ်
၂။ မောင်ဆိုးဝါ
၃။ မောင်အိုက်ပန့်-တို့ဖြစ်သည်။
(ဇ) ၁၉၇၀-ခုနှစ် မေလတွင် ဂွေထုရွာ၌ စခန်းစိုက်ထားသော အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့သည်။ တိုက်ပွဲမှာ နံနက်(၄း၀၀)နာရီမှ မွန်းလွဲ(၁း၀၀)နာရီထိ ဖြစ်ခဲ့သည်။ KIA ဘက်မှ အင်အားကြီးသည်။ အစိုးရ တပ်စခန်းတွင် အင်အား(၉)ဦးသာ ရှိခဲ့သည်။ တပ်စခန်း ကျရှုံးသွားသည်။ ထိုစဉ်က တပ်စခန်းမှူးမှာ အရာခံဗိုလ် မောင်အေး ဖြစ်ပြီး အင်အားချင်းမမျှ၍ စခန်းကျခဲ့သည်။ KIA များက အစိုးရတပ်စခန်းကို အောင်မြင်ပြီးနောက်၊ KIA များက ဂွေထုရွာသူရွာသားများအား ယခု ဂွေထုဒေသနယ်မြေအားလုံး အေးချမ်းပြီ၊ ပူပင်သောက မဖြစ်နှင့်တော့၊ မိမိတို့ရဲ့ စားသောက်နေထိုင်ရေးကို အေးဆေးစွာ ကြိုးစားလုပ်ကိုင်ကြဟု ပြောသွားခဲ့သည်။
(ဈ) ဤသို့ပြောပြီး မကြာမီ ၁၉၇၀-ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့တွင် KIA စစ်ကြောင်းမှူး ဒူ-ဂွမ်ထွဲ ဆိုသူသည် ဂွေထု ရွာသူရွာသားများ လိုက်နာရန် ပြင်းထန်သောအမိန့်ကို အောက်ပါအတိုင်းထုတ်ခဲ့သည်-
´´အမိန့်- ယနေ့ ယခု ဂွေထုကျေးရွာ လူထုအားလုံး ဤနေ့ ဤရက် ဤအချိန်မှစ၍ ရွာပြောင်းရွေ့ရမည်၊ အမိန့်အရ လွန်ဆန်၍မရ၊ အမိန့်လွန်ဆန်ပါက သေဒဏ်ခံရမည်`` ဟုအမိန့်ထုတ်ခဲ့သည်။ ထို့ကြောင့် ဂွေထုကျေးရွာ လူထုသည် အမျိုးမျိုး အဖုံဖုံ၊ အကြိမ်ကြိမ် တောင်းပန်ခဲ့သော်လည်း လူမဆန်သော ကချင်လူရိုင်းတို့သည် အမိန့်ကို မရုပ်သိမ်းပေးခဲ့ပါ။ ကချင်လူရိုင်း KIA တို့သည် ရှမ်းမျိုးနွယ်စုများနေထိုင်ရာ နေရာဒေသ နယ်မြေများကို အတင်း အဓမ္မ သိမ်းပိုက်၍ ရှမ်းလူမျိုးတို့အား မောင်းထုတ်ခဲ့ခြင်းသည် ဒေသခံရှမ်းများအပေါ် လူမျိုးရေးခွဲခြား ဆက်ဆံမှုများသာ ဖြစ်သည်။
၁၅။ ယင်းကဲ့သို့ KIA စစ်ကြောင်းမှူး ဒူဝါ-ဂွမ်ထွဲ၏ အတင်းအဓမ္မ ချက်ချင်း မောင်းထုတ်မှုကြောင့် ဂွေထုကျေးရွာ ပြည်သူလူထုသည် တစ်ထမ်းတစ်ပိုးစာမျှသော ပစ္စည်းကိုသာယူပြီး၊ ကလေးသူငယ်များ၊ ကျောင်းထိုင် ဆရာတော်နှင့်အတူ ရွာသူရွာသားများသည် ရှိုက်ကြီးတငင် မျက်ရည်စိုရွဲ ငိုကြွေးရင်း ဂွေထုကျေးရွာမှ ခြေဦးတည့်ရာ ထွက်လာခဲ့ကြရသည်။ ရင်နင့်စရာ မြင်ကွင်းတစ်ခုဖြစ် ဂွေထုကျေးရွာ ရွာသူရွာသားများရင်တွင်းတွင် သံမှိုရိုက်စွဲဘိသကဲ့သို့ ကျန်ရစ်ခဲ့သည်။
လက်နက်ကိုင် ကချင်လူရိုင်းများက လက်နက်မဲ့ ရှမ်းလူမျိုးများကို အနိုင်ကျင့် စော်ကား မောင်းထုတ်ခဲ့သည့်ဖြစ်စဉ်ကို သိရှိစေရန်တွက် တိုင်းပြည်ကောင်းအောင် အုပ်ချုပ်မင်းလုပ်နေကြသူများ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ရန်တာဝန်ရှိကြသူများ၊ ရှမ်းလူမျိုးနှင့်ရှမ်းနယ်မြေကိ
၁၆။ ဂွေထုကျေးရွာ ရွာသူရွာသားများအားလုံး အထမ်းအပိုးကိုယ်စီဖြင့် ထွက်ခွာခဲ့ပြီးနောက်၊ အိမ်ခြေ (၁၂၀)ကျော်၊ စာသင်ဆောင်၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း စသည်တို့ကို မီးရှို့ဖျက်ဆီးသည်။ ကျွဲ၊ နွား၊ ကြက်၊ ၀က်၊ အိုးခွက်၊ ပန်းကန်၊ ပရိဘောဂအသုံးအဆောင် စသည်စသည်များကို သိမ်းယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
ဤကား ငါတို့ အသက်ရှင်ဖို့ သူတို့သေပေးရမည်၊ ငါတို့ နေရာရဖို့ သူတို့နေရာ ဖယ်ပေးရမည်-ဟူသော ကချင်လူရိုင်းတို့၏ အကြမ်းဖက် အတ္တကြီးမားသည့် စရိုက်ကို ပိုမိုပေါ်လွင်ထင်ရှားစေသည်။
တထမ်းတပိုး၊ ကလေးကိုယ်စီဖြင့် ခြေဦးတည့်ရာ ထွက်ခွာလာခဲ့ရခြင်း။
၁၇။ (၃-၉-၁၉၇၀)ရက်နေ့ နေ့လည် (၂း၀၀)နာရီအချိန်မှစ၍ KIA စစ်ကြောင်းမှူး ဒူ ဂွမ်ထွဲ ၏ လူမဆန်သော တစ်ချက်လွတ်အမိန့်ကြောင့် ဂွေထုတစ်ရွာလုံး အထမ်းအပိုးကိုယ်စီ၊ ကလေးငယ်များ ချီပိုး လက်တွဲ၍ မျက်ရည်စိုရွှဲ ၀မ်းနဲပက်လက်ဖြင့် မိမိတို့၏ နေအိမ်၊ ရပ်ရွာ၊ ပစ္စည်းများကို စွန့်ခွာခဲ့ကြရသည်။ ထိုနေ့ကား ကချင်တို့၏ဘေးရန်ကြောင့် ရှမ်းရွာ ပျက်စီးခဲ့ရသည့် နေ့တစ်နေ့ပင်ဖြစ်တော့သည်။
၁၈။ ဂွေထုရွာသူရွာသားများသည် ဂွေထုရွာ၏ အနောက်ဖက်(၁၄)မိုင်အကွာရှိ ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာသို့ ဦးတည် ထွက်လာခဲ့ကြသည်။ (၁)မိုင်ခွဲခန့်လျှောက်မိသောခါ ၀ိုင်းမော်မြို့နယ်၊ ၀ါးရှောင်ကျေးရွာသို့ သွားသည့် လမ်းခွဲသို့ရောက်ခဲ့သည်။ ရွာသူရွာသားအချို့သည် ၀ါးရှောင်လမ်းခွဲအတိုင်း ထွက်ခွာသွားကြသည်။ ဂွေထု ကျောင်းထိုင်ဆရာတော် စင့်လှို့ သည်လည်း ၀ါးရှောင်လမ်းခွဲဘက်သို့ လိုက်ပါသွားခဲ့သည်။
မိုင်းနားကျေးရွာဘက်သို့ ထွက်ခွာလာကြသည့် ဂွေထုကျေးရွာ ရွာသူရွာသားအချို့မှာ ည(၈း၀၀)နာရီအချိန်ခန့်တွင် မီးတုတ်ကိုယ်စီ ကိုင်ဆောင်လျက် ရောက်ရှိလာကြသည်။ အချို့မှာ အထမ်းအပိုးများ၊ ကလေးများပါ၍ လမ်းမလျှောက်နိုင်တော့ပဲ လမ်း၌ပင် ညအိပ်နားခဲ့ကြရသည်။ နံနက်မိုးလင်းမှ ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာသို့ ရောက်ရှိခဲ့ကြသည်။
နိုင်ငံတော်အစိုးရမှ ကယ်ဆယ်ရေးပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ခြင်း
၁၉။ (၁၁-၉-၁၉၇၀)ရက်နေ့တွင် နိုင်ငံတော်အစိုးရသည် ဂွေထုကျေးရွာမှ စွန့်ခွာလာကြရသော ဒုက္ခသည်များကို ဆန်၊ ရိက္ခာ၊ အိုးခွက်ပန်းကန်၊ အ၀တ်အထည် စသော ကယ်ဆယ်ရေးပစ္စည်းများ လာရောက်ကူညီထောက်ပံ့ပေးခဲ့သည်။ ထိုကျေးဇူးတရားအား ဂွေထုရှမ်းတို့ ရင်တွင်း၌ အထူးအလေးထား မှတ်တမ်းတင် မှတ်သားထားခဲ့ပါသည်။
လုံခြုံရေးဖြင့် စပါးရိတ်သိမ်း သွားကြရခြင်း
၂၀။ မိမိတို့၏ ၀မ်းစာအတွက် ခက်ခဲသောကြောင့် ဂွေထုကျေးရွာမှ မထွက်ခွာမီ စိုက်ပျိုးထားခဲ့သော စပါးများကို ရိတ်သိမ်းရန် ၀ိုင်းမော်မြို့နယ်အုပ်ချုပ်ရေး
ကြုံရာကျဘန်း အလုပ်သမားဘ၀ရောက်ခဲ့ရ
၂၁။ KIA ၏ နိုင်ထက်စီးနင်း မောင်းထုတ်ခံရမှုကြောင့် လယ်ပိုင်၊ ခြံပိုင်များဖြစ်ခဲ့ကြသော ဂွေထုရွာသူ ရွာသားများသည် မိမိတို့ဘ၀ ရပ်တည်ရေးအတွက် လယ်ခြံအလုပ်သမားများအဖြစ်လည်းကေ
ဂွေထုရွာရှိ လယ်မြေဟောင်း(လယ်ဟန်း)များကို ပြန်လည်ဖော်ထုတ်ခြင်း
၂၂။ ၁၉၇၃-ခုနှစ်တွင် စားဝတ်နေရေး မဖူလုံမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲဒုက္ခတို့ကို ဖြေရှင်းနိုင်ရန် ဦးထွန်းရှင်း ဦးဆောင်သော ရွာသားအချို့သည် ဂွေထုရှိလယ်မြေဟောင်း(လယ်ဟန်း)မ
ဂွေထုကျေးရွာ လယ်မြေဟောင်းများ ပြန်လည်ဖော်ထုတ်လုပ်ကိုင်နိုင်ေ
၂၃။ ၁၉၈၄-ခုနှစ်တွင် ဂွေထုလယ်မြေဟောင်း(လယ်ဟန်း)များ
(က) ပထမ(၄)နှစ် စီမံကိန်း (၁၉၈၄-မှ ၁၉၈၇ ထိ)
အဖွဲ့ခေါင်းဆောင်- ၁။ ဦးတင်မောင်
၂။ ဦးညွှန့်မောင်
(ခ) ဒုတိယ(၄)နှစ် စီမံကိန်း (၁၉၈၈ မှ ၁၉၉၁ ထိ)
အဖွဲ့ခေါင်းဆောင် ၁။ ဦးဆန်ခွင့်
၂။ ဦးဖန်ပေါင်း တို့ဖြစ်သည်။
၂၄။ အထက်ပါ ဂွေထုလယ်ယာမြေဖော်ထုတ်ရေးစီမံကိ
လယ်ယာမြေဟောင်းများ ပြန်လည်ဖော်ထုတ်ဖွံ့ဖြိုးရေးငွေ
၂၅။ ၁၉၉၅-ခုနှစ်တွင် ဂွေထုကျေးရွာ လယ်ယာမြေဟောင်းများ ပြန်လည်ဖော်ထုတ်ရေးအတွက် ရံပုံငွေကျပ်-၃၂၈၀၀၀ိ/
ဂွေထုကျေးရွာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအာ
၂၆။ ၂၀၀၅-ခုနှစ်တွင် ခ.လ.ရ(၁၂၁)မှ ဗိုလ်မှူးကြီးဝင်းသန်းနှင့် NDAK မှ ဗိုလ်မှူးကြီး ဘရန်အောင်-တို့ ဦးဆောင်၍ ကျေးရွာလူထုလုပ်အားဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသစ
၁၉၇၀-ခုနှစ်မှ ၂၀၀၅-ခုနှစ်ထိ ရွာပျက်၊ လယ်ယာပျက်ဖြစ်ခဲ့ရသော ဂွေထုကျေးရွာ နယ်မြေဒေသသည် ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး ဖွံ့ဖြိုးမှု စတင်ဆောင်ရွက်ခွင့်ရလာခဲ့သည်။
KIA (ခွဲထွက်) ဦးလဆန်အောင်ဝါ-၏ အထူးဒေသနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်း။
၂၇။ ၂၀၀၆-ခုနှစ်မှစ၍ ရှမ်းလူမျိုးများ၏ ဂွေထုကျေးရွာနယ်မြေကို KIA မှ ခွဲထွက်လာသော ဦးလဆန်အောင်ဝါ ၏ အထူးဒေသအဖြစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က
ဂွေထုနယ်မြေကို ဦးလဆန်အောင်ဝါ အဓမ္မလက်ဝါးကြီးအုပ်ခြင်း
၂၈။ ဂွေထုကျေးရွာနယ်မြေကို ဦးလဆန်အောင်ဝါ ၏ အထူးဒေသနယ်မြေအဖြစ် သတ်မှတ်ပေးလိုက်သည့် အချိန်မှစ၍၊ ဂွေထုကျေးရွာ၏ ရှေ့ကွင်း နောက်ကွင်း၊ လယ်ကွင်းပတ်လည်တွင် ဘိုးဘွားများစိုက်ပျိုးထားသော သစ်ဝါး များကို ၄င်းတို့ ဆန္ဒသဘောအလျောက် ခုတ်ယူသုံးစွဲခြင်း၊ ရောင်းချခြင်း၊ ၂၀၁၀-ခုနှစ်တွင် ရွာ၏ အနောက်ဖက် လယ်ကွင်းစပ်တွင်ရှိသော ကျေးရွာပိုင် သဘာဝအင်းနှင့် ကျွဲနွားစားကျက်မြေကို အုပ်ချုပ်ရေးအဖွဲ့အစည်းထံ ချဉ်းကပ်ပြီး၊ ၄င်းတို့ အဖွဲ့ပိုင်အဖြစ် သိမ်းယူခဲ့သည်။
ဂွေထုရွာခံ ရှမ်းရွာသားများအပေါ် စာနာထောက်ထားမှုမရှိ၊ လူမျိုးရေး ခွဲခြားဆက်ဆံသည်။ ရွာပိုင်အင်းကို ဦလဆန်အောင်ဝါ အဖွဲ့ပိုင်အင်း မဖြစ်ရေးတွက် ကန့်ကွက်ဆန်ကျင်ပြောဆိုမှုကို အင်းကို ၀ိုင်းလုသည်ဟု စွပ်စွဲခဲ့သည်။ ယခုအခါ ဦးလဆန်အောင်ဝါ အဖွဲ့ကို လ၀ါးယန်ဌာနေပြည်သူ့စစ်အဖြစ် တရားဝင်ရပ်တည်ခွင့် ပေးထားရာ ဂွေထုဒေသခံ ရှမ်းလူထုမှာ ၄င်းတို့ပြုသမျှ နုရမည့်ဘ၀ဖြစ်နေသည်။
သုံးသပ်ချက်
၂၉။ လွတ်လပ်အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်လိုသော
ရက်စွဲ။ ၂၀၁၃-ခုနှစ်၊ သြဂုတ်လ ရက်
စုဆောင်းပြုစုသူ- မျိုးချစ် (ဂွေထု)
No comments:
Post a Comment