Saturday, August 10, 2013

နိုင်ငံတော်ဒုတိယသမ္မတ၊ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်အဖွဲ့ ကချင်ပြည်နယ်သို့ ရောက်ရှိ


ဝန်းသိုကျောင်း စစ်ရှောင်ပြည်သူများ ကယ်ဆယ်ရေးပစ္စည်း ပေးအပ်စဉ်
၁၀-၈-၂၀၁၃ ရက်နေ့(၃)နာရီခန့်အချိန်တွင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အဖွဲ့ရောက်ရှိလာခဲ့ပြီး မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ကန်တော့ခဲ့ပြီး ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဒေသခံ ရှမ်းမျိုးနွယ်စုများမှ ကြိုဆို ခဲ့ကြပါတယ်။ ၄င်းနောက် ဒုသမ္မတနှင့်အဖွဲ့သည် ၀န်းသိုကျောင်း စစ်ရှောင်စခန်းမှာ
မှီတင်းနေထိုင်နေကြတဲ့ စစ်ဘေးရှောင်မိဘပြည်သူများကို ကူညီထောက်ပံ့ရေး ပစ္စည်းများ  ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို လာရောက်ခြင်းသည် အစိုးရသစ်လက်ထက် (၂)နှစ်ခွဲ ကာလအတွင်း နိုင်ငံတော် ဒုတိယအဆင့် အကြီးအကဲလည်းဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကချင်ပြည်နယ်သို့
ပထမဦးဆုံးအကြိမ် လာရောက်တာဖြစ်ပြီး

အစိုးရနှင့် ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများ တချို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသော်လည်း ကချင်ပြည်နယ်တွင်း KIO,KIA လက်နက်ကိုင်အဖွဲ့အစည်းနှင့်တော့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မရေးထိုးနိုင်သေးသည့်အပြင် စစ်ဘေးဒုက္ခသည်များလည်း ဒုက္ခသည်စခန်းများတွင်သာ နေထိုင်နေရဆဲလည်း ဖြစ်ပါသည်။




နိုင်ငံတော်ဒုတိယသမ္မတ၊ ဦးစိုင်းမောက်ခမ်း နှင့်အဖွဲ့အား
ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်မုခ်ဝတွင် ရှမ်းတိုင်းရင်းသားဝန်ကြီးနှင့် ဒေသခံရှမ်းမျိုးနွယ်စုများမှ ကြိုဆိုသော သတင်းဓါတ်ပုံများ



ရှမ်းရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်နှင့် အဖွဲ့မှ ဒုသမ္မတအား ကြိုစဉ်
ဒေသခံ ရှမ်းမျိုးနွယ်စုများမှ ဒုသမ္မတအား ကြိုဆိုစဉ်


No comments:

Post a Comment