ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့သည့် သြဂုတ်လ ၂၆ ရက်တွင် (၅၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများ
ကျင်းပရန် ထေရ၀ါဒဓမ္မကွန်ရက်မှ နိုးဆော်ထားသော်လည်း မြစ်ကြီးနားမြို့တွင်
(၅၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အခမ်းအနားကို ၀ါခေါင်လပြည့်နေ့တွင်
ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဝါခေါင်လပြည့်နေ့တွင်
(၅၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ကျင်းပရခြင်းနှင့် ပက်သက်၍
အခမ်းအနားဖြစ်မြောက်ရေး စီစဉ်နေသူတစ်ဦးမှ-
ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့သည့် သြဂုတ်လ(၂၆)ရက်နေ့သည်
ဝါခေါင်လပြည့်နေ့ဖြစ်ပါသည်။ ကျွန်တော်တို့ကတော့ မြန်မာကောဇာသက္ကရာဇ်ကိုပဲ
အတည်ပြုချင်ပါတယ်။
အဲဒီအချိန်တုန်းက ၀ါခေါင်လပြည့်နေ့နဲ့
သြဂုတ်လ(၂၆)ရက်နေ့က တိုက်ဆိုင်နေခဲ့ပေမယ့် အခုတော့ မတိုက်ဆိုင်တော့တဲ့အတွက်
ဝါခေါင်လပြည့်နေ့ကိုပဲ အတည်ယူချင်ပါတယ်။
ဝါခေါင်လပြည့်နေ့တွင်
မြစ်ကြီးနားမြို့မှာ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကျင်းပဖို့
ရန်ကုန်အခြေစိုက် ထေရ၀ါဒဓမ္မကွန်ယက်နှင့် မြို့နယ်သံဃာ့နာယကကို
အကြောင်းကြားပြီး ခွင့်ပြုချက် တောင်းခံထားပြီးသား ဖြစ်တယ်လို့လဲ
ပြောပါသည်။ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့တွင်
သာသနာ့အလံများ လွှင့်ထူကာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment