Friday, August 16, 2013

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားအား အိတ်ဖွင့်ပေးစာ ပေးအပ်

 
15-8-2013 ရက်နေ့

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အား ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့မှ အိပ်ဖွင့်ပေးစာတစ်ဆောင်ကို ရှမ်းမျိုးနွယ်စုများကိုယ်တိုင် လက်ထပ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် -

မစ္စတာ ကင်တာနား-ခင်မျာ
ကျန်တော်တို့ ရှမ်းမျိုးနွယ်စုများသည် လူဦးရေအားဖြင့်

အများစုဖြစ်သော်လည်း ကျတော်တို့သည် အခြားသော မျိုးနွယ်စုများနှင့် ပြဿနာကြီးငယ်ဖြစ်စေနိုင်သော အပြုအမူများ ပြုခဲ့သူများ မဟုတ်ပါ။

ဤကချင်ပြည်နယ်တွင်လည်း ရှမ်းလူမျိုးများသည် ပြည်နယ်လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိကာ မြေပြန့်ဒေသများ၊ ကျေးရွာများတွင် နေထိုင်နေကြပါသည်။ ကျန်တော်တို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေး ဖြစ်ပါသည်။ ဖေါ်ပြပါအတိုင်း ကျန်တော်တို့ ရှမ်းလူမျိုးများသည် အခြားသော မျိုးနွယ်စုများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခဲ့ကြသည်။ ရာစုနှစ်ချီကြာပြီး ၂၀၁၁-ခုနှစ် ဂျွန်လအထိပင် ဖြစ်ပါသည်။ ၂၀၁၁-ခုနှစ်၊ ဂျွန်လတွင် KIAနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများဖြစ်ပေါ်လာပြီးနောက်ပိုင်း ကလေး လူကြီး လူရွယ်မကျန်၊ အိုးပစ်၊ အိမ်ပစ်နှင့် ပိုင်ဆိုင်သော ပစ္စည်းပါမကျန် ကျေးရွာများမှ မြို့ကြီးများသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါသည်။ ပိုမိုလုံခြုံ စိတ်ချရသည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။

ဤအချိန်အခါမှ စ၍ စစ်ရှောင်ရှမ်းလူမျိုးများသည် စစ်ပွဲရှည်ကြာလာသည်နှင့်အမျှ IDP Camp စစ်ရှောင်စခန်းများတွင် လာရောက်ခိုလုံ နေထိုင်ကြရပြီး လူမှုဒုက္ခမျိုးစုံကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခံစားနေကြရပါသည်။

မြို့အနီးအနားရှိ IDP Camp အများစုသည်လည်း တစ်ဝက်ကျော်လောက်မှာ ရှမ်းလူမျိုးများ နေထိုင်ခိုလုံလျက်ရှိကြပါသည်။ သက်ဆိုင်ရာ လူကြီးများ နိုင်ငံခြားသား အလှူရှင်များ လာရောက်သောအခါတွင်လည်း မည်မျှပင် ဒုက္ခပင်လယ်ဝေ ခံစားနေကြရသည့်တိုင် ၄င်းတို့ထံမှ တောင်းဆိုသံများ၊ ညီးညူသံများ တစ်ခွန်းတစ်ပါဒမှ မကြားရပါ။ ၄င်းတို့ထံမှ ကျေးဇူးတင် ဆုတောင်းမေတ္တာပို့သံ ကျန်းမာစေကြောင်း မေတ္တာပို့သံများသာ ကြားရမည်ဖြစ်သည်။

မစ္စတာ ကင်တားနားခင်မျာ -
ကျန်တော်တို့ ရှမ်းမျိုးနွယ်စုများသည် အထွေအထူးမတောင်းဆိုလိုသော်လည်း ကျန်တော်တို့သည် ငြိမ်းချမ်းစွာ ကိုယ့်နေရပ် ကိုယ့်အိမ် ကိုယ့်ယာများ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန် ကူညီဆောင်ရွက်ပေးပါရန်နှင့် ဂုဏ်သိက္ခာရှိစွာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် နေရပ်ပြန်နိုင်ရန် လေးစားစွာ တောင်းဆှိုဆန္ဒပြုပါသည်ခင်ဗျာ။
ကျန်တော်တို့သည် နိုင်ငံရေး ပဋိပက္ခစသည်တို့ကို မနှစ်သက်ပါ၊ ငြိမ်းချမ်းသာယာသော အခြေအနေကို မထိပါးသ၍ ကျန်တော်တို့ ရှမ်းလူမျိုးများ ကျေနပ်နှစ်သိမ့်နေကြမည်သာ ဖြစ်ပါသည်။ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးနှင့် တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်များ ရကာ အေးချမ်းစွာ နေထိုင်ရေးပင်ဖြစ်ပါသည် လို့ အဓိပ္ပါယ်ရသည့်စာဖြင့် ပေးပို့ ရေးသားဖေါ်ပြထားပါတယ်။

No comments:

Post a Comment