ရှုတ်ချ ဆန္ဒပြသော
သံတော်များသည်
ဗုဒ္ဓဘာသာကို
အကြမ်းဖက်ဟု သုံးနှုန်း၍ မဟုတ်မမှန် စွပ်စွဲသော တိုင်းမ် မဂ္ဂဇင်းအား လုံးဝအပြင်းအထန်
ကန့်ကွက်ရှုတ်ချသည်။
ဗုဒ္ဓဘာသာဝင်
အားလုံးတို့၏ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂယာကို ဗုံးခွဲတိုက်ခိုက်ခြင်းအား လုံးဝ အပြင်းအထန်
ကန့်ကွက်ရှုတ်ချပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏
တရားပွဲများကို အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခြင်းအား လုံးဝကန့်ကွက် ရှုတ်ချပါသည် ဟူသော
ပိုစတာများ
ကိုင်ဆောင်လျက် ဦးဆောင်ဆရာတော်တစ်ပါးမှ လော်စပီကာဖြင့် ကြွေးကြော် ရှုတ်ချ သွားခဲ့တယ်လို့
သိရပါတယ်။
ရှုတ်ချဆန္ဒမပြခင်အချိန်
ဥပေစိဘုရားဝင်းအတွင်းမှာ တာဝန်ရှိသော ရဲဝန်းများမှ အခုလို ရှုတ်ချ ဆန္ဒပြပွဲသည် ခွင့်ပြုမိန့်
မရသည့်အတွက် မလုပ်ဆောင်ရန် လာရောက်တောင်းပန်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဦးဆောင်ဆရာတော်တစ်ပါးကတော့
ခွင့်ပြုမိန့် တင်ပါတယ်၊ ဒါပေမဲ့ သူတို့က ခွင့်ပြုမိန့် ချမပေးခဲ့တာပါလို့ ပြောပြပါသည်။
အဆိုပါ ရှုတ်ချပွဲကို
မဟာမြတ်မုနိဘုရားမှာ မေတ္တာပို့ ဆုတောင်းပြီး (၂)နာရီခန့်မှာ ပြီးဆုံးသွားခဲ့တယ်လို့
သိရပါတယ်။
No comments:
Post a Comment