Monday, August 5, 2013

Time မဂ္ဂဇင်းနှင့် ဗုံးခွဲအကြမ်းဖက်မှုအား ရှုတ်ချဆန္ဒပြရန် မန္တလေးမြို့တွင် နိုးဆော်

မန္တလေးမြု့၊ မစိုးရိမ်တိုက်ပေါက်တွင် ကပ်ထားသောစာ
ကမ္ဘာ့အကောင်းဆုံး ဗုဒ္ဓဘာသာကို ကမ္ဘာ့အလယ်တွင် အရုပ်ဆိုး အကျည်းတန်သွားအောင် မဟုတ်မမှန် စွပ်စွဲ လုပ်ဆေင်မြဲ လုပ်ဆောင်လျက်ရှိသော နယူးယောက်ခ် တိုင်းမ် မဂ္ဂဇင်းနှင့် ဗုဒ္ဓဘာသာတရားပွဲအား ဗုံးခွဲ အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချပွဲ ပြုလုပ်သွားရန် အသိပေး နိုးဆော်ချက်နှင့် ကြွှေးကြော်ရမည့် အချက်အလက်များပါဝင်သည့် ကြွေးကြော်သံ စာရွက်များ ကပ်လျက်  မန္တလေးမြို့၊ မစိုးရိမ်းတိုက်နှင့် နေရာတချို့တွင် အသိပေး နိုးဆော်မှုများ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

(၆.၈.၂၀၁၃) အင်္ဂါနေ့ နေ့လည်(၁၂)နာရီအရောက် လာရောက်ကြရန်နှင့်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၈၄လမ်းထောင့်တွင် စတင်၍ ၈၃လမ်း၊ ၄၁လမ်းထောင့်တွင် အဆုံးသတ်ရန်ကိုလည်း ရဟန်းရှင်လူ ပြည်သူအပေါင်းကို နိုးဆော်ထားပါတယ်။

၁။ နယူးယောက်တိုင်းမ် (Time) မဂ္ဂဇင်း ကန့်ကွက်ရေး (ဒို့အရေး)
၂။ အကြမ်းဖက် ဗုံးခွဲမှုများ ရှုတ်ချရေး (ဒို့အရေး)
၃။ အကြမ်းဖက်မှုများ ပပျောက်ရေး (ဒို့အရေး)
၎။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး (ဒို့အရေး)
၅။ အမျိုးဘာသာ သာသနာ ထိမ်းသိန်းရေး (ဒို့အရေး)
၆။ တိုင်းမ်(time) မဂ္ဂဇင်း သတင်းထောက် ဟန်နာဘိခ်ျ  (အလိုမရှိ)
၇။ ဗုဒ္ဓဘာသာကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ (ချက်ချင်းရပ်) အစရှိသဖြင့် ကြွေးကြော်ကြရန်လည်း တိုက်တွန်း နိုးဆော်မှုများ ပြုလုပ်ထားတယ်လို့ ၃၈လမ်း၊ ၈၇ လမ်းတွင် နေထိုင်သူတစ်ဦးမှ သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment