ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်၊ Sunday dhamma school ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဌာနများ ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိရာ၊ အရှိန်မြင့် တိုးတက်များပြား လာနေတယ်လို့ အဆိုပါ သင်တန်းဌာနများကို လိုက်ပါကူညီဖွင့်လှစ်ပေးနေသူ - အောက်နန်းရိပ်သာရပ်ကွက်မှ ကိုချစ်ဖွယ်က ဆိုပါတယ်။
Sunday dhamma school သင်တန်းဌာနများကို ၂၀၁၃-ခုနှစ်၊
ဇူလိုင်(၁၁)ရက် နောက်ပိုင်းတွင် ရှိုင်းဟုပ်ကုမ္ပဏီမှ dhama school-သင်တန်းဆင်း ဆရာ/မများ၏
အကူအညီဖြင့် မြစ်ကြီးနားမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောက်ရှောက်ရေး ဆရာတော်သံဃာတော်များ
ကြီးကြပ်ကွပ်ကဲလျက် စတင်ဖွင့်လှစ်နေလျက်ရှိရာ
ယနေ့ (၃၊၈၊၂၀၁၃)နေ့တွင် သင်တန်းဌာန(၁၂)ခုနှင့် သင်တန်းသား ကျောင်းသား/သူ အရေအတွက် စုစုပေါင်း (၃၂၀၀) ၀န်းကျင်ရှိသွားပြီလို့လည်း သိရပါတယ်။
ယနေ့ (၃၊၈၊၂၀၁၃)နေ့တွင် သင်တန်းဌာန(၁၂)ခုနှင့် သင်တန်းသား ကျောင်းသား/သူ အရေအတွက် စုစုပေါင်း (၃၂၀၀) ၀န်းကျင်ရှိသွားပြီလို့လည်း သိရပါတယ်။
Sunday dhamma school သင်တန်းဌာနများ ဖွင့်လှစ်ဖို့
ကျောင်းပေါင်း (၄၀)လောက် ရှိနေပါသေးတယ်၊ dhamma school-သင်တန်းဆင်း ဆရာ/မ မလုံလောက်မှု
အခက်အခဲနှင့် သင်ရိုးညွှန်းတန်း စာအုပ် မလောက်ငတဲ့ အခက်အခဲတွေကြောင့် ဆိုင်းငံ့ထားရပါသေးတယ်။
dhamma school-သင်တန်းပြ ဆရာသင်တန်း ပေးရင် တက်ရောက်မယ့် ဆရာ/ဆရာမတွေလည်း ဦးရေ(၁၀၀)ကျော်လောက် စာရင်းလက်ခံ ရရှိထားတယ်လို့လည်း
သိရပါတယ်။
၁။
ရွှေညောင်ပင်ကျောင်းတိုက်၊ ဦးရေ(၈၀၀)
၂။
အေးစေတီကျောင်းတိုက်၊ ဦးရေ(၃၅၀)
၃။
ရွှေအိုက် (လေတပ်ကျောင်း)၊ ဦးရေ (၃၀၀)ကျော်
၎။
အဘယာရာမပရိယတ္တိစာသင်တိုက်(ပမ္မတီး)၊ ဦးရေ(၃၀၀)ကျော်
၅။
တောင်ဦးကျောင်းတိုက် (အနောက်လယ်ကုန်း)၊ ဦးရေ (၂၇၅)ခန့်
၆။
အေးမြသာယာကျောင်းတိုက်၊ ဦးရေ(၂၅၀)ခန့်
၇။
ချမ်းမြေ့အေးကျောင်း(ရမ်ပူ) ဦးရေ(၁၈၀)
၈။
အောင်တော်မူကျောင်း(ဇီးလွန်ကုန်းဆင်း)၊ ဦးရေ(၁၇၅)ခန့်
၉။
မဟာဂန္ဓာရုံတိုက်သစ်၊ နန်းကွေ့၊ ဦးရေ(၁၅၀)
၁၀။
အောက်နန်းရိပ်သာကျောင်း၊ ဦးရေ(၁၅၀)ခန့်
၁၁။ မြို့ဦးကျောင်း၊ ရန်ကြီးအောင်၊ ဦးရေ(၁၃၅)ခန့်
၁၂။ကျောင်းထိုင်ကျောင်း၊ ဦးရေ(၁၀၀)ကျော်ခန့် တို့ဖြစ်တယ်လို့
သိရပါတယ်။
No comments:
Post a Comment