တစ်ဆက်တည်းမှာဘဲ ဇူလိုင်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ ဂျာမိုင်ကောင်းဒုက္ခ သည်စခန်းမှာနေထိုင်ပြီး မြစ်ကြီးနားမြို့ပေါ် မိုင်းခွဲတာတွေနဲ့ ဆက်စပ်နေသူဆိုကာ စရဖကနေဖမ်းခဲ့တဲ့ လထော်ဘရန်ရှောင်ကို အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းကိုယ်တိုင် မြစ်ကြီးနားထောင်ကနေထုတ်ပြီး ဒုက္ခ သည်စခန်းကို ပြန်ပို့ပေးပြီး ငွေ ၁ သိန်းစီတောင် ထောက်ပံ့ပေးခဲ့လို့ မြစ်ကြီးနား ပတ်ဝန်းကျင်က ရှမ်းလူမျိုးတွေ တော်တော်ဘဲအံ့သြသွားတယ်ဆိုတဲ့အေ
ကြားသိရပါတယ်။
နိုင်ငံတော်အစိုးရက အဖက်ဖက်ကနေ စာနာထောက်ထားပြီးတော့ အရင်က KIA နဲ့ ပတ်သက်ဆက်နွှယ်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြန်လွှတ်ပေးနေချိန်မှာ KIA အနေနဲ့လည်း တိုက်ပွဲတွေပြင်းထန်ချိန်မှာ အတင်းအဓမ္မဖမ်းဆီးထားတဲ့ ကျောင်းသားအရွယ် အပျိုအရွယ် ရှမ်းလူမျိုး ယောက်ျားလေး မိန်းကလေးတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ KIA ကို တောင်းဆိုထားကြောင်း သိရပါတယ်။
ကချင်ပြည်နယ်မှာနေထိုင်တဲ့၊ ဖိနှိပ်ခံနေရတဲ့ ရှမ်းလူမျိုးတွေရဲ့ တောင်းဆိုမှုတွေကို KIA အနေနဲ့ လစ်လျူရှုထားမယ်ဆိုရင်တော့ ဖြစ်ပြီးခဲ့တဲ့ ရှမ်းလူမျိုးတွေ ညှင်းပန်း သတ်ဖြတ်ခံရတာတွေ၊ ရှမ်းအမျိုးသမီးတွေ မတရားကျင့်ခံရတာတွေ၊ ကြိုးတုတ် ဖမ်းဆီးရိုက်နှက်ပြီး KIA စစ်သားလုပ်ခိုင်းတာတွေကို ကုလသမဂ္ဂအထူးကိုယ်စား လှယ်တွေ၊ UNFC တွေ၊ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို
Kachin Land
No comments:
Post a Comment