![]() |
အလယ်- ဦးစိုင်းထိန်လင်း၊ ယာစွန်- ဦးစန်းဝေ |
ရှမ်းရွာများမှ ဒေသခံ ရှမ်းမျိုးစု များ၏ သဘောထား နှင့် ဆန္ဒများ တောင်းဆိုချက် ခေါင်းစဉ်နှင့် အတူ ၄င်းတို့၏ လိုလားချက် (၁ဝ)ချက်အား တင်ပြ တောင်းခံ ခဲ့ကြောင်း သိရသည်။
အဆိုပါ တင်ပြစာတွင် ကချင်ပြည်နယ် ဖွဲ့စည်း ပေါ်ပေါက်မှု ၊ ကချင်ပြည်နယ် ပထဝီ နိုင်ငံရေး ၊ ကချင်တောင်တန်း ဒေသနှင့် ခန္တီး ဒေသ ၊ မြစ်ရိုး မြေပြန့်ဒေသ စသည်ဖြင့် သက်ဆိုင်ရာ ခေါင်းစဉ် အလိုက် အသေးစိတ် ဖော်ပြ ပါရှိပြီး အောက်ပါ လိုလာချက် (၁ဝ)ချက်အား တောင်းခံ ခဲ့သည်-
ကေအိုင်အေ နှင့် အစိုးရတပ် တို့အကြား အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ကိစ္စကို အမြန်ဆုံး အကောင် အထည်ဖော် လက်မှတ် ရေးထိုးရန်။
လူနေဒေသနှင့် လယ်ကွင်း၊ ယာခင်းများပါ မကျန် နှစ်ဘက် လက်နက်ကိုင် တို့မှ မြှုပ်နှံ ထားသော မိုင်းများ၊ ပေါက်ကွဲ စေတတ် သော လက်နက် ၊ ခဲယမ်း မီးကျောက် များ ဖယ်ရှား ရင်းလင်း ပေးရန်။
(IDP) များအတွက် အကူအညီ အထောက် အပံ့များ ပြည်နယ် အတွင်းသို့ ရောက်ရှိ လာပါက အခြားသော တိုင်းရင်းသား များနည်းတူ ထပ်တူညီမျှစွာရရှိ ခံစားခွင့် ပေးရန်။
တည်ငြိမ် အေးချမ်းသော ဘဝများအား ပြန်လည်၍ ထူထောင် ရာတွင် အသက် အိုးအိမ် စည်းစိမ်များ လုံခြုံမှု ရရှိခွင့် လွတ်လပ်စွာ စီးပွားရှာခွင့် ၊ လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်ခွင့် ပေးရန်။
ဤပြည်နယ် အတွင်းရှိ ရှမ်းကျေးရွာများ ထံမှ ဆက်ကြေး ကောက်ခံခြင်း ၊ ရိက္ခာ စုဆောင်းခြင်း ၊ တပ်သားသစ် စုဆောင်းခြင်း နှင့် အမျိုးသမီး များအား အဓမ္မ ပြုကျင့်ခြင်းတို့ မပြုလုပ်ရန်။
ကာယကံရှင် ၏ ဆန္ဒ မပါဘဲ တပ်သားသစ် စုဆောင်းရန် အတွက် ဖမ်းဆီး ခေါ်ဆောင် သွားသော ရှမ်းမျိုးနွယ် စုများအား အမြန်ဆုံး ပြန်လွှတ် ပေးရန်။
တိုင်းရင်းသား မျိုးနွယ်စု များ၏ အခြေခံ ရပိုင်ခွင့် များကို အခြား တိုင်းရင်းသား များနှင့် တန်းတူညီမျှ ခံစား ခွင့်ပေးရန်။
င်ငံတော် အစိုးရ အနေဖြင့် တိုင်းသူ ပြည်သားများ၏ အသက် အိုးအိမ်ကို ကာကွယ် ပေးရန် ဝတ္တရား ရှိ သည်နှင့်အညီ ဒေသခံ ရှမ်းမျိုးနွယ်စု ကျေးရွာ များအား အပြည့်အဝ ကာကွယ် ပေးရန်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီ မှု ရပြီး နောက်ပိုင်း တပ်များ နေရာချထားရေး နှင့် ပတ်သက် ၍ ဒေသခံ ပြည်သူ များ၏ ဆန္ဒသဘော ထားရယူပြီး ညှိနှိုင်း ဆောင်ရွက်ရန်။
စစ်ဘေးရှောင် ဒုက္ခသည်များ နှင့် ပတ်သက်၍ (IDP) စခန်းများတွင် စာရင်း မပါသော်လည်း အပစ်အခတ် ရပ်စဲရေး ကာလတွင် မိမိဒေသသို့ ပြန်လည် သွားရောက် နေထိုင် နေကြသော ဒုက္ခသည် များအား နိုင်ငံတော် မှသော် လည်းကောင်း ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ သော် လည်းကောင်း ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ သော် လည်းကောင်း ကူညီ ထောက်ပံ့ လာသော အထောက်အပံ့ များကို အချိုး ညီစွာဝေမျှ ပေးရန်။
ဟူသော အချက် (၁ဝ)ချက်ကို တင်ပြ တောင်းခံ ထားကြောင်း သိရှိရသည်။
pyit chit thar
No comments:
Post a Comment