တာလောကြီး၊ ဗုံးတွေ့ရှိသောနေရာ |
အဆိုပါ အစိတ်(၆၀) ပြင်းအားရှိသော အချင်း(၅)လက်ရှိ
သံကိုယ်ထည်ဗုံးကို ခြောက်လက်မခန့်လောက် မြုပ်ထားပြီး အဖြူ၊ အနီ ၀ါယာနှစ်ပင်ကို မြေပေါ်မှာ ဖေါ်ထားတာဖြစ်တယ်၊ ခလရ (၃ရ) တပ်ရင်း တပ်ဖွဲ့တချို့ တာလောကြီးတဖက်ကမ်း ဟိုကပ်ကျေးရွာနှင့် တာပဒေါင်းကျေးရွာတို့သို့ နယ်မြေလုံခြုံရေးအရ သွားရောက်တပ်စခန်း ထိုင်ပြီးနောက်ပိုင်းတွင် ကျေးရွာအတွင်း၌ တပ်စွဲထားသော တပ်မတော်သားများနှင့် ဒေသခံပြည်သူ့စစ်များ စစ်ကြောင်းလှည့်လည်နေချိန် ဒေသခံပြည်သူ့စစ်နှင့် မတည့်သော လက်နက်ကိုင်အဖွဲ့အစည်းများမှ လာရောက်၍ မိုင်းထောင်ထားတာ ဖြစ်နိုင်တယ် လို့ တာလောကြီး အုပ်ချုပ်ရေးမှူးမှ သူ၏ ထင်မြင်ယူဆချက်ကို ပြောပြသည်။
တာလောကြီးဌာနေ ပြည်သူ့စစ်ခေါင်းဆောင်များကတော့ ထောင်ထားတဲ့ မိုင်းရဲ့ အပြင်မှာရှိတဲ့ တက်နေသော သံချည်းအနည်းတချို့ကို ထောက်ဆ၍ မိုင်းထောင်ထားသည်မှာ လွန်ခဲ့တဲ့ တလကျော်ခန့်လောက်က ဖြစ်နိုင်ကြောင်း၊ အတွင်းမှ ကြိယာများ အကောင်းတိုင်း ရှိနေသောကြောင့် ဓါတ်ခဲများနှင့်သာ အတူတွေ့ရပါက အချိန်မရွေး ပေါက်ကွဲနိုင်၍ အလွန်အန္တရာယ်ကြီးမားကြောင်း၊ အရင်က တာလောကြီးဒေသတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်များတွင် အသုံးပြုခဲ့သော တရုတ်လုပ်ဗုံးများနှင့် ဆင်တူကြောင်း၊ တကယ်ပဲ ပေါက်ကွဲစေလိုတဲ့ ဆန္ဒနဲ့ ထောင်ခဲ့သလား၊ အထိတ်တလန့် ဖြစ်အောင်ပဲ လုပ်သလား၊ ဘုန်းကြီးကျောင်းနားမှာပဲ ရွေးထောင်တယ်ဆိုတော့ ဘာသာရေးအရပဲ လုပ်သလား ဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။
တာလောကြီး ဘုန်ကြီးကျောင်းအနီး တွေ့ရသော ဗုံး |
No comments:
Post a Comment