Wednesday, October 23, 2013

ဓမ္မစကူးလ်နှင့် အေးငြိမ်းသာယာ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း


ဓမ္မစကူးလ်နှင့်အတူ ဖွင့်လှစ်ထားရှိသော အေးငြိမ်းသာယာ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်တွင် တည်ရှိပြီး ရှမ်းပြည်နယ်နှင့် ပူတာအိုဒေသတို့မှ မိဘမဲ့ ပအို့တိုင်းရင်သားလေးများနှင့် အခြားသော တိုင်းရင်းသားလေးများ (၄၆)ယောက်ကို လက်ခံထားရှိပြီး ရပ်ကွက်အတွင်းမှ လာရောက်ပညာသင်ကြားနေသော ကျောင်းသား/သူလေးများနှင့် ဆိုလျှင် (၈၇)ယောက်ကို စတုတ္တတန်းအထိ ကျောင်းဆရာ/မ လေးယောက်၏ အကူအညီဖြင့် ပညာသင်ကြားပေးလျက်ရှိသော ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလည်း ဖြစ်ပါသည်။
          အလယ်တန်းသို့ တက်ရောက် ပညာသင်ကြားမည့် ကျောင်းသား/သူများကိုလည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လက်ခံထားရှိပြီး အစိုးရကျောင်းများသို့ စေလွှတ်ပညာသင်ကြားနေပါတယ် လို့ အေးငြိမ်းသာယာ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ကျောင်းထိုင်/အုပ် ဆရာတော်ဖြစ်သော ဦးသာသနမှ မိန့်ကြားပါသည်။
          အေးငြိမ်းသာယာ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ဖွင့်လှစ်တည်ထောင်ခဲ့တာ (၇)နှစ် ရှိသွားပြီ ဖြစ်ပေမယ့် စာသင်ဆောင်အခက်အခဲနှင့် ကျောင်းသား/သူများအတွက် ပညာရေး အသုံးအဆောင် ပရိဘောဂ ရှားပါးသောကြောင့် နှစ်စဉ်
အကန့်အသတ်နဲ့ပဲ လက်ခံထားရှိပါတယ်လို့ ဆက်လက် မိန့်ကြားသည်။
          ပညာပါရမီ ဆည်းပူလိုသော အလှူရှင်များ ရှိလာလို့ စာသင်ဆောင်နှင့် ကျောင်းသား/သူများအတွက် ပညာရေး အသုံးအဆောင် ပရိဘောဂများ ပြည့်စုံလာလျှင်တော့ လာမည့်(၂၀၁၄)ခုနှစ်တွင် ကျောင်းသား/သူ အရေအတွက် (၂၀၀) လောက် လက်ခံထားရှိဖို့ စီစဉ်ထားတယ်လို့လည်း မိန့်ကြားပါတယ်။
          အဆိုပါ အေးငြိမ်းသာယာ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသား/သူများအတွက် စာသင်ဆောင်များကို ၉ ပေခန်း-၃×၄ ခန်း ဆွမ်းစားကျောင်းဆောင်(ယာယီ) တစ်ဆောင်နှင့် ၉ ပေခန်း ၅×၂ ခန်း စာသင်ဆောင် တစ်ဆောင်ကို စီစဉ်ထားရှိပြီး ပညာပါရမီ ဆည်းပူးဖြည့်ကျင့်လိုသော အလှူရှင်များ အနေဖြင့်  -
ဦးသာသန - ၀၉.၄၃၁၈၉၄၃၇
ဦးတေဇဉာဏ - ၀၉.၄၀၀၀၄၆၅၃၉
အေးငြိမ်းသာယာ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ရွှေအိုက်ရပ်ကွက်၊ မြစ်ကြီးနားမြို့သို့ ဆက်သွယ် လှူဒါန်းကူညီခြင်းဖြင့် ပညာပါရမီ ဆည်းပူးဖြည့်ကျင့်နိုင်ပါတယ်။

No comments:

Post a Comment