အမေရိကန်သံအမတ်ကြီးအား ရှမ်းမျိုးနွယ်စုခေါင်းဆောင် ဦးစိုင်းထိန်လင်းမှ ရှင်းပြနေစဉ် |
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်မှ ရှမ်းမျိုးနွယ်စုများအား မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် အောက်တိုဘာလ (၂၅)ရက်နေ့ ညနေ(၅)နာရီ အချိန်တွင် လာရောက်တွေ့ဆုံ၍ ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများ၏ အခက်အခဲနှင့် အကြောက်တရားနှင့် ယှဉ်တွဲရပ်တည်နေရသော ဒေသခံရှမ်းတိုင်းသားများ၏ အခြေအနေများကို လာရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အမေရိကန်
သံအမတ်ကြီး ဒဲရစ်မစ်ချယ်အား ကချင်ပြည်နယ်မှ ရှမ်းမျိုးနွယ်စုများ၏ကိုယ်စား ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့မှ
ဦးစိုင်းထိန်လင်းနှင့်အဖွဲ့၊ တိုင်းလိုင်(ရှမ်းနီ)ပါတီမှ ဦးကျော်လေးနှင့် ကျားဖြူပါတီမှ
ဦးထွေးမောင်တို့က လက်ခံတွေ့ဆုံခဲ့ပြီး
သံအမတ်ကြီးမှ
သူ့အနေနဲ့ ကချင်ပြည်နယ်သို့ ရောက်ရှိလာတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီကိုလာရတာလဲ ၀မ်းသာပါတယ်။
ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းလူမျိုတွေရဲ့ အကြောက်တရားကို သိပ်မသိခဲ့ကြပါဘူး၊ ဒီကိုလာရောက်ရခြင်းရဲ့
အကြောင်းကတော့ လက်ရှိအနေအထားမှာ ဘယ်လိုများ ဖြစ်နေပြီလဲ၊ ကချင်ပြည်နယ်မှာလဲ ရှမ်းလူမျိုးတွေ
အများကြီးရှိတယ်။ ရှမ်းလူမျိုးတွေရဲ့ စကားသံဟာ အရေးကြီးပါတယ်။ ဆရာတို့အနေနဲ့ ကချင်ပြည်နယ်မှာ
နေထိုင်ရတဲ့ ရှမ်းတွေအနေနဲ့ ဘာအခက်အခဲတွေ ရှိနေသလဲဆိုတာ သူ့ကို ပြောပြပေးပါလို့ မေးမြန်းရာ
တွင်
-ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဦးစိုင်းထိန်လင်းက - စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် ဧရာဝတီမြစ်ရိုးမြေပြန့်ဒေသမှ ရှမ်းနီလူမျိုးမျာ၊ရှမ်းနီနယ်မြေများ၏ သမိုင်းကြောင်းနှင့် ကချင်တောင်တန်းဒေသတို့အကြောင်း၊ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်နေ့မှာ ရှမ်းနယ်မြေများကို ကချင်ပြည်နယ်ထဲသို့ သွတ်းသွင်ခဲ့ပြီး နယ်မြေနှင့် လူမျိုး ဖျောက်ဖျက်ခံခဲ့ရတာကို မကြိုက်တဲ့အကြောင်း၊ အစိုးရနှင့် KIA လက်နက်ကိုင်အဖွဲများကြားမှာ နှစ်ဘက်စလုံးရဲ့ဒဏ်များကို ရှမ်းလူမျိုးများက အဓိကခံစားရကြောင်း၊ KIA က စက်ကြေးတောင်းတာ၊ လူသစ်စုဆောင်းတာကို လက်ခံရင် အစိုးရက အရေးယူကြောင်း၊ KIA ဘက်ကို မပေးပြန်လျှင်လည်း အသတ်ခံရကြောင်း၊ ငြိမ်းချမ်းရေးယူထားစဉ် (၁၇)နှစ်တာ ကာလအတွင်းမှာလည်း KIA ဘက်က စက်ကြေးတောင်းတာ၊ လူသစ်စုဆောင်းတာ နည်းနည်းမှ မလျှော့တဲ့အကြောင်း၊ ငြမ်းချမ်းရေးပျက်ပြားပြီးနောက်ပိုင်း ရှမ်းရွာများမှ ရှမ်းလူငယ်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ရှေ့တန်းမှာ အစိုးရတပ်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခိုင်းကြောင်း၊ မတိုက်လျှင် အမျိုးမျိုး အကြပ်ကိုင် ခြိမ်းခြောက်ကြောင်း၊ ကချင်ပြည်နယ်မှာ ပြန့်နှံ့နေတဲ့ မူးယစ်ဆေးများဟာ KIA နှင့် မကင်းကြောင်း၊ ဗမာကို တန်းတူအခွင့်အရေး တောင်းဆိုနေပေမဲ့ သူတို့ တောင်းဆိုနေတဲ့ အခွင့်အရေးကို ရှမ်းတွေအပေါ်မှာ ချိုးဖောက်နေကြောင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းနီနယ်မြေတွေကို စုပေါင်းပြီး ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးဖို့ ကျွန်တော် သိပ်ကို လိုလားနေပါတယ်လို့ ပြောဆို ဖြေကြားသွားခဲ့ပါတယ်။
ရှမ်းနီပါတီမှ
ဦးကျော်လေးက - ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများဟာ လက်နက်မဲ့ လူမျိုးစုများဖြစ်တဲ့အတွက်
လက်နက်ရှိတဲ့လူတွေက ကျွန်တော်တို့ ရှမ်းမျိုးနွယ်စုတွေကို အနိုင်ကျင့်ပါတယ်။ KIA နှင့်
ထိစပ်နေသော ရှမ်းနယ်မြေမှာ ရှမ်းနီပါတီ ဆိုင်းဘုတ်တောင် မထောင်ရဲပါဘူး၊ ကျွန်တော်တို့ကို
အချိန်မရွေး သတ်သွားနိုင်ပါတယ်။ ကျားဖြူပါတီမှ ဦးထွေးမောင်ကတော့ - ၂၀၁၀ ရွေးကောက်ပွဲတုန်းက
KIA မှ ရှမ်းပါတီတွေကို မဲမပေးနိုင်အောင် ခြိမ်းခြောက်တဲ့အတွက် မဲရုံတွေ ပိတ်ပစ်လိုက်ရတဲ့အထိ
ဖြစ်ခဲ့ဖူးပါတယ်လို့ သံအမတ်ကြီး၏ မေးမြန်းမှုကို ဖြေကြားသွားခဲ့ကြပါတယ်။
No comments:
Post a Comment