![]() |
ကားမိုင်းမြို့၊ မအူပင်ရပ်ကွက်၊ ခြံစည်းရိုးတခုတွင် တွေ့ရသော ဆေးထိုးအပ် |
ကချင်ပြည်နယ်၊ ကားမိုင်းမြို့တွင် မူးယစ်ဆေးများ ပေါ်ပေါ်ထင်ထင် သုံးစွဲရောင်းချနေသော် အရေးယူဆောင်ရွက်နိုင်မည့် အဖွဲ့အစည်များ မရှိသေးကြောင်းနှင့် မူးယစ်ဆေး သုံးစွဲရောင်းချနေသူများသည် တရားဥပဒေဘောင်အတွင်းမှ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ကားမိုင်းမြို့ ဒေသတစ်ဦးမှ ပြောပြသည်။
ကားမိုင်းမြို့၊ မအူပင်စုရပ်ကွက်အနီးပတ်ဝန်းကျင်က
တောတန်းတစ်ခုသည် မူးယစ်ဆေးသုံးစွဲသူများ၏ အဓိကစားကျက်နေရာလိုဖြစ်နေပြီး၊ နေ့စဉ် မူးယစ်ဆေးသုံးစွဲသူများနှင့်
စည်ကားလျက်ရှိရာ နံနက်ခင်းနဲ့ ညနေဘက်အချိန်များတွင် ပွဲဈေးတန်းသဖွယ် ဖြစ်နေတယ်လို့လည်း
ပြောပြပါသည်။
မူးယစ်ဆေး သုံးစွဲသူများသည် အသက် ၁၄ နှစ်နှင့်
၂၀ ကြား လူငယ်များက
အများဆုံးဖြစ်ပြီး ကျောင်းပတ်ဝန်းကျင်တွေမှာတောင် သုံးနေကြတဲ့အတွက်
မိဘတွေကစိတ်ပူနေကြတယ်။ မူးယစ်ဆေး သုံးစွဲတဲ့ လူငယ်တွေဟာ ဒေသခံလူငယ်တွေရဲ့ ၂ ရာခိုင်နုန်းခန့်လောက်တောင်
ရှိတယ်။ ဒီမှာ ဒီလိုမူးယစ်ဆေး သုံးစွဲနေတာ အနှစ် (၂၀)လောက်ရှိပြီ။ ဘယ်သူမှ မတိုင်ရဲဘူး။
တိုင်ရင်လည်း တိုင်တဲ့လူတွေတောင် အရေးယူမယ်လို့ ချိန်းခြောက်ခံရတယ်။ မူးယစ်ဆေးဝါးရောင်းချသူ
မူလလက်ရင်းအိမ်ဆိုသည့်အိမ်မှာ မအူပင်စုရပ်ကွက်ရှိ ကချင်တိုင်းရင်းသားပိုင် ပျဉ်ထောင်နှစ်ထပ်နှင့်ဖြစ်ပြီး
လက်ခွဲအိမ်တစ်အိမ်မှာ မြစိမ်းရောင်ရပ်ကွက်မှာ ရှိတယ်။
မူးယစ်ဆေးဝါး ရောင်းချသူများသည်
ကွန်ယက်စနစ်ကို အသုံးပြုပြီး မူးယစ်ဆေး သုံးစွဲသူ တိုးပွားလာအောင် ဆောင်ရွက်ကြကြောင်းနှင့်
လူသစ်တစ်ယောက်ခေါ်လာရင် လေးရက် အခမဲ့သုံးစွဲခွင့်ရှိတယ်။ နှစ်ယောက်လောက်ခေါ်လာရင် ရှစ်ရက်သုံးစွဲခွင့်ရှိတယ်။
ဒီလိုနည်းနဲ့ လူသစ်စုကြတာ။ ပြည်သူ့ရဲဌာနရှိသော်လည်း မူးယစ်ဆေးသုံးစွဲ ရောင်းချသူများကို
အမြစ်ပြတ်နှိမ်နှင်းနိုင်ခြင်းမရှိတာဟာ အလုပ်မလုပ်တဲ့ အကျင့်ပျက်ခြစားသော တရားဥပဒေဘက်တော်သားများ
ရှိနေသောကြောင့်ဖြစ်တယ်လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်လက်ပြောပြသည်။ ညဘက်ဆို ရဲတွေကတောင် လာစောင့်ပေးတယ်လို့ မူးယစ်ဆေးသုံးစွဲသူ
လူငယ်တစ်ဦးက ဆိုပါတယ်။
NGO အဖွဲ့အစည်းတွေက အပ်တွေကို လိုက်သိမ်းပေးတယ်၊
ရောဂါမပြန့်ပွားအောင် တခါသုံးအပ်တွေကို စီစဉ်ပေးတယ်၊ နေ့စဉ် စွန့်ပစ်ထားတဲ့ အပ်တွေဆိုရင်
အရေအတွက် ငါးရာကနေ ရှစ်ရာအထိ ရှိတယ်လို့ သိရပါတယ်။
ကားမိုင်းမြို့နယ် ရဲအုပ်ကျော်လွင်ကတော့ မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမူမရှိကြောင်းနဲ့
မူးယစ်ဆေးဝါး ပြန့်နှံ့တယ်ဆိုတာမဟုတ်ပါဘူး။ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး
ပညာပေး ဟောပြေမှုတွေလုပ်တယ်။
အထူးသဖြင့် ကျောင်းသူကျောင်းသားတွေကိုလုပ်တယ်။ ဖားကန့်မြို့နယ်မူးကိုယ်တိုင်
လာပြီးလုပ်တယ်။ တကယ်လို့သတင်းပေးလာသူရှိရင်လည်း အရေးယူဆောင်ရွက်ပါတယ်။ဒီနှစ်အတွင်းမှာတော့
မူးယစ်ဆေးဝါးမူနဲ့ အရေးယူဆောင်ရွက်ထားတာ မရှိသေးပါဘူး။ ပြောကြားသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးဇော်က အုပ်ချုပ်ရေးအပိုင်းနှင့်ပတ်သက်၍ သတိပေးတားမြစ်မူများပြုလုပ်ထားသော်လည်း
အရေးယူဆောင်ရွက်ရန်ခက်ခဲကြောင်းပြောကြားသည်။
ကချင်ပြည်နယ် ၊ ကားမိုင်းဒေသသည် ကမ္ဘာကျော်
ကျောက်စိမ်းထွက်ရာ ဖားကန့်လမ်းပိုင်းတွင် တည်ရှိပြီး အစိုးရ စစ်တပ်မရှိပဲ အညိုရောင်နယ်မြေဒေသဖြစ်သော်လည်း
KIA ထိန်းချုပ်နယ်မြေ တစ်ခုလည်းမဟုတ်ချေ။ ဖားကန့်မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ရဲစခန်းလည်းရှိသည်။
၂၀၁၂ အတွင်းက ရဲစခန်းကို KIA တပ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို နှစ်ကြိမ်တိတိ ခံခဲ့ရပြီးနောက်ပိုင်း
ပြည်သူ့ရဲအင်အားကိုလည်း တိုးမြင့်ထားကြောင်းသိရသည်။
No comments:
Post a Comment