![]() |
ဓါတ်ပုံ KNG |
KIA အင်အား (၂၀၀)ခန့်သည် ဒေသခံရှမ်းတိုင်းရင်းသားများ နေထိုင်တဲ့ ကောင်လွင်ရွာထဲသို့ လွန်ခဲ့သော (၇)ရက်လောက်ကတည်းက ရောက်ရှိနေတယ်၊ KIA က အစက ရွာအစွန်ကနေ ရွာနား၊ ရွာနားကနေ
ရွာလယ်ထိ ၀င်လာနေတယ်၊ စစ်တပ်ကလည်း စစ်ကြောင်း (၃)ခုနဲ့ တဖက်ဖွင့်ပြီး ညှပ်ထားတယ်၊ KIA တွေ ရွာထဲဝင်လာတော့ ရွာသားတွေက ဘုန်းကြီးကျောင်းမှာပဲ စုနေကြတယ်၊ ယနေ့ နိုင်ဝင်ဘာလ (၇) ရက်နေ့ နံနက်(၉)နာရီကျော်လောက်မှာတော့ တိုက်ပွဲပြင်းထန်ခဲ့တယ်။ (၃)နာရီခန့် ကြာတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်။ နှစ်ဖက် ပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးငယ်တစ်ဦး သေဆုံးသွားတယ်။ စစ်တပ်က စစ်ကြောင်း (၃)ခုနဲ့ တဘက်ကိုဖွင့်ပြီး ကျန်တဲ့သုံးဘက်ကနေ ညှပ်ပြီးပစ်တယ်။ ရွာထဲကိုတော့ တအားမပစ်ဘူး၊ ရွာဘေးကိုပဲ ခြောက်လှန့်ပစ်ခတ်တယ်။ ကောင်လွင်ရွာမှာ တစ်နေရာ၊ မန်တာနှင့် သံတံတားကြားမှာ တစ်နေရာ၊ ဖျုတ်ကိုက် ရွှေမှော်မှာ တစ်နေရာ ဒီနေ့ တရက်တည်းမှာပဲ သုံးနေရာထိ တိုက်ပွဲဖြစ်တယ်။
ထွက်ပြေးတိန်းရှောင်ကြတဲ့ ကောင်လွင်ရွာက ဒေသခံရှမ်းတိုင်းရင်းသားတွေဟာ ဗန်းမော်သို့ ဆက်မသွားနိုင်သေးဘဲ စီခန်းကြီးမှာ ဒုက္ခရောက်ကြနေတယ်။ ကောင်လွင်ရွာက စီခန်ကြီးထက် ကြီးတဲ့အတွက် မမျှဘူးဖြစ်နေတယ်။ တချို့အိမ်တွေက စောင်ထုတ်ပေးနိုင်တယ်။ တချို့အိမ်တွေက များတော့ မထုတ်ပေးနိုင်တဲ့အတွက် အခုလို ဆောင်းတွင်းကာလမှာ အတော်လေး ဒုက္ခရောက်နေကြတယ်၊ စစ်တပ်က တစ်ယောက်ကို ဆန် (၂)ဗူးဆီ ပေးထားတယ်။ မိုးတိန်ပါက ကချင်စစ်ပြေးဒုက္ခသည်တွေက ဗန်းမော်သို့ ရောက်နိုင်ကြပေမယ့် ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေကတော့ ဗန်းမော်ကို မရောက်နိုင်သေးဘူး ဖြစ်နေတယ်၊ ဗန်းမော်နဲ့ မိုင် (၄၀)လောက် ဝေးတဲ့ စီခန်ကြီးနဲ့ကြားမှာ တံတားနှစ်ခုကို KIA က မိုင်းထောင် ချိုးဖျက်ထားတဲ့အတွက် ခရီးမဆက်နိုင်သေးဘူး ဖြစ်နေတယ်။ သံတံတား တစ်ခုကိုဆိုရင် (၂)ခါတောင် မိုင်းခွဲထားတယ် လို့ ဗန်းမော်ခရိုင် ရှမ်းမျိုးနွယ်စုများရေးရာ အဖွဲ့ဝင်တစ်ဦးမှ ပြောပြပါသည်။
တိုက်ပွဲ အပြီးမှာတော့ KIA က ရွာအ၀င်ဝတွေနဲ့ နေရာတိုင်းလိုလိုမှာ မိုင်းတွေတောင်ပြီး ထွက်သွားတယ်၊ တောထဲမှာတော့ ပျောက်ကြားစနစ်နဲ့ တော်တော်များများ ရှိနေသေးတယ်၊ စစ်တပ်ကလည်း ရွာထဲကို မ၀င်ရဲသေးသလို အ၀င်လည်း မခိုင်းသေးဘူးလို့ သိရှိရသည်။
ရှမ်းတိုင်းရင်းသားတွေဖြစ်တဲ့ ကောင်လွင်ရွာက ဒေသခံတွေကတော့ လယ်ယာ အိုးအိမ်တွေနဲ့ ကျွဲနွားတွေရှိနေတာကြောင့် အခိုက်အတန့်ဘဲ တိမ်းရှောင်နေပြီး ရွာမပြန်နိုင်သေးခင် ကာလအတွင်း အရေးပေါ် ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ သိရှိရပါသည်။
No comments:
Post a Comment