Thursday, November 7, 2013

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြန်လွှတ်ပေးရန် တောင်းဆိုထားသော မောင်အောင်သိန်းအား KIA မှ ရှေ့တန်းသို့ ပို့ဆောင်


၂၀၁၂-ခုနှစ်၊ ဇူလိုင်လက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ကောင်လွင်ရွာမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော မောင်အောင်သိန်းအား မိဘများ၏ ဆန္ဒအရ ပြန်လွှတ်ပေးပါရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တောင်းဆိုထားသော်လည်း မောင်အောင်သိန်းကို ယခုဖြစ်ပွားနေသော အစိုးရနှင့် KIA တို့၏ တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ပစ်လိုက်ပြီဆိုတာကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဗန်မော်ခရိုင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ထံမှ သိရှိရသည်။

KIA က ကျွန်တော်တို့ ရှမ်းတွေဆို တိုက်ပွဲတွေဖြစ်နေတဲ့ ရှေ့တန်းကို ပို့တယ်၊ လူမျိုးရေးခွဲခြားတယ်လို့လည်းပဲ ပြောဆိုသွားခဲ့ပါသေးတယ်။

No comments:

Post a Comment