Saturday, November 9, 2013
အစိုးရတပ်နှင့် KIA ကောင်လွင်ရွာတိုက်ပွဲနှင့် ရှမ်းစစ်ရှောင်များ၏ နောက်ဆုံးအခြေအနေ
ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ကောင်လွင်ရွာတွင် နိုဝင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းက အစိုးရတပ်နှင့် KIAတို့ တိုက်ပွဲပြင်းထန်ခဲ့ရာ နောက်ဆုံးရရှိခဲ့သော သတင်းများအရ အစိုးရစစ်တပ်သည် ကောင်လွင်ရွာထဲသို့ ၀င်သွားခဲ့ပြီဖြစ်ပြီး၊ စီခန်းကြီးသို့ ရောက်နေသော ကောင်လွင်ရွာ ရှမ်းစစ်ရှောင်များအနက်မှ ပိုက်ဆံတတ်နိုင်သူများသည် ဗန်းမော်သို့ ရောက်သွားခဲ့ပြီဖြစ်တယ်လို့ သိရှိရသည်။
ကောင်လွင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံရွာသားများ ကျန်ရှိနေသေးပြီး စီခန်းကြီးရွာတွင်တော့ ကောင်လွင်ရွာမှ စစ်ရှောင်လာသူပေါင်း (၇၀၀)ကျော်သွားပြီလို့ သိရှိရပါသည်။
တိုင်းလိုင်(ရှမ်းနီ)ပါတီ ဗဟို၊ ဗန်မော်ခရိုင် ရှမ်းမျိုးနွယ်စုအဖွဲ့နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ရန် စီစဉ်မှုတွေ ပြုလုပ်နေသော်လည်း တံတားများ ချိုးဖျက်ခံထားရသည့်အတွက် သွားရောက်ကူညီရန် အခက်အခဲများ ရှိနေတယ်လို့လည်း (ရှမ်းနီ)ပါတီ ဗဟိုအဖွဲ့ဝင် တစ်ဦးမှ ပြောပြပါသည်။
စီခန်းကြီးရွာသည် ရွာငယ်ဖြစ်သည့်အတွက် (၇၀၀)ကျော်ရှိလာပြီဖြစ်သည့် ကောင်လွင်ရွာ စစ်ဘေးတိမ်းရှောင်သူများကို ရေရှည်လက်ခံထားနိုင်ဖို့ မလွယ်ဘူးဖြစ်နေတယ်လို့လည်း သိရှိရသည်။
(ကချင်ပြည်နယ်) ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့မှ မြောက်တိုင်းစစ်ဌာနချုပ်နှင့် ၀န်ကြီးချုပ်တို့ အရေးပေါ်ကယ်ဆယ်ရေး ပြုလုပ်ပေးဖို့ တောင်းဆိုထားပြီး၊ ရေးရာ၊ ပါတီနှင့် စာယဉ်အဖွဲ့များမှ ကောင်လွင်ရွာထိ ကွင်းဆင်းကူညီနိုင်ဖို့ အားထုတ်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရှိရပါသည်။
လက်ရှိအချိန်မှာတော့ အစိုးရနှင့် NGO အဖွဲ့အစည်းများမှ ထိရောက်တဲ့ အကူအညီတွေ ရောက်မလာသေးဘူးလို့လည်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment