Tuesday, October 1, 2013

ယာခင်းသို့သွားသော တာလောကြီးဒေသခံပြည်သူများအား KIA အဖွဲ့မှ ခြိမ်းခြောက်၍ ဆက်ကြေးကောက်ခံ

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ရပ်ကွက်(၃)နေ ဦးမောင်ဆိုင်၊ ဦးမောင်ပို၊ ဦးမိုးကျော်သူနှင့် ဦးကိုမောင်တို့ လေးဦးသည် မိမိတို့၏ ယာခင်းများရှိရာ ရွာနှင့် (၇)မိုင်ခန့် ဝေးကွာသော လင်းကင်းကွင်း ယာခင်းသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေဖြင့် လက်တွန်းထွန်စက်(၅)စီး တင်ဆောင်ကာ ၂၉-၉-၂၀၁၃- တနင်္ဂနွေနေ့ (နေ့-၁း၀၀)နာရီခန့် အချိန်တွင် ထွက်ခွါသွားစုန်ဆင်းလာခဲ့ကြရာ

တာလောကြီးကျေးရွာ၏အောက် ဟိုကပ်ကျေးရွာ အလွန် တာပဒေါင်းကျေးရွာတစ်ဝိုက် ကျက်စားနေသော ဗိုလ်တူးဂျာ ဦးဆောင်သည့် KIAအဖွဲ့သည် ယင်းစက်လှေအဖွဲ့အား သေနတ်ဖြင့် ပစ်ဖောက် ခြိမ်းခြောက်၍

ကမ်းပါးအနီးသို့ ကပ်ခိုင်းခဲ့ပါတယ်။

ထို့နောက် ဒေသခံယာခင်းတောင်သူများဖြစ်သော ဦးမောင်ဆိုင်တို့ထံမှ လက်တွန်းထွန်စက် တစ်စီးလျှင် ငွေကျပ် -၂၀၀၀၀ိ/-စီ ပေးရမည်ဟု အတင်းအဓမ္မ ဆက်ကြေးကောက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒေသခံယာခင်းတောင်သူများဖြစ်သော ဦးမောင်ဆိုင်တို့အနေဖြင့် ပိုက်ဆံငွေ ပါမလာကြောင်း၊ စက်ဆီ ဒီဇယ်ခနှင့် စားစရိတ်အတွက်သာပါလာကြောင်း ပြောဆို တောင်းပန်းသော်လည်း တောင်းပန်ပြောဆို၍ မရခဲ့ကြောင်း၊ မပေးနိုင်လျှင်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့်တွက် မိမိတို့ အဖွဲ့ စားစရိတ်၊ စက်ဆီဖိုးထဲမှ ပါသမျှလေးကိုသာ ပေးခဲ့ကြရသည်ဟု ခြိမ်းခြောက်၍ ဆက်ကြေးတောင်းခံရသူ ဒေသခံယာခင်းတောင်သူများဖြစ်သော ဦးမောင်ဆိုင်တို့အဖွဲ့မှ ပြောပြပါသည်။

အခုလို ခြိမ်းခြောက်၍ ဆက်ကြေးတောင်းခံခြင်းနှင့် ပက်သက်၍ KIA/KIO တို့သည် ပြည်နယ်တွင်းအတူနေ ဒေသခံတိုင်းရင်းသားပြည်သူများအပေါ် ဤကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျ ငွေတောင်း ဆက်ကြေးကောက်နေကြခြင်းမှာ မဖြစ်သင့်တော့ကြောင်း၊ အစိုးရနှင့်KIA/KIOအဖွဲ့တို နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုများတွင် ဆက်ကြေး ကောက်ခံခြင်း မပြုရန် ညှိနှိုင်းသဘောတူထားသည်ကို ချိုးဖောက်ရာလည်း ရောက်နေကြောင်း၊ ဒေသခံ တိုင်းရင်းသားများ၏ ရင်ထဲ၌ ကြောက်၍သာ ပေးလိုက်ရကြောင်း ကျေနပ်လို့၍တော့ မဟုတ်ဘူး လို့ အဆိုပါ ဦးမောင်ဆိုင်တို့ အဖွဲ့မှ ပြောပြသွားခဲ့ပါသည်။

၎င်းဟိုကပ်ကျေးရွာ၊ တာပဒေါင်းကျေးရွာတို့နှင့် နီးကပ်သော စံကင်းကျေးရွာမှ ဒေသခံ ရှမ်းတိုင်းရင်းသားများသည် မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်း ကယ်ဆယ်ရေးစခန်းတွင် ယနေ့အချိန်ထိ မှီခိုနေထိုင်နေရဆဲလည်း ဖြစ်ပါသည်။

No comments:

Post a Comment