Thursday, November 28, 2013

မြစ်ကြီးနားမြို့တွင် ၀ိနည်းစာအောင်သံဃာတော်များအား ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပ


 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၁၃-ခုနှစ် ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့၌ ၀ိနည်းစာအောင်သံဃာတော် (၄၈၀)ကျော်နှင့် နာယကဆရာတော်၊ ကြီးကြပ်ရေးဆရာတော်များအပါဝင် သံဃာတော်(၆၀၀)၀န်းကျင်တို့အား ကချင်ပြည်နယ်အစိုးရနှင့် မြစ်ကြီးနားမြို့၊ ဗုဒ္ဓဘာသာဝင် ပြည်သူများမှ ဆွမ်းဆန်တော်များကို  စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြတယ်လို့ သိရှိရသည်။

ကချင်ပြည်နယ်လုံးဆိုင်ရာ ၀ိနည်းစာမေးပွဲများကို မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း တစ်လှည့်စီ ကျင်းပတာဖြစ်ပြီး၊ (၂၀၀၇)ခုနှစ်နောက်ပိုင်း မြစ်ကြီးနားတွင် ကျင်းပမည့် ၀ိနည်းစာမေးပွဲများကို နိုင်ငံရေးနှင့် နယ်မြေလုံခြုံရေးအရ ရပ်ဆိုင်းခဲ့ရပြီး ယခု(၂၀၁၃)ခုနှစ်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။



ကချင်ပြည်နယ်လုံးဆိုင်ရာ ၀ိနည်းစာမွေးပွဲကို မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းဆရာတော်ကြီးမှ စတင်ဦးဆောင်ကျင်းပခဲ့ပြီး၊ သံဃာတော်များ ၀ိနည်းအရာ၌ ကျွမ်းကျင်ရန် ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ အခမ်းအနားသြ၀ါဒတွင် မိန့်ကြားသည်။

ယခုနှစ်ကောဆိုလျှင် (၃၄)ကြိမ်မြောက် ရှိသွားပြီ၊ မြစ်ကြီးနားမှာ ခုမှ ပြန်လည်ကျင်းပနိုင်တာဖြစ်ပေမဲ့ တော်တော်စည်တယ်၊ မြို့တော်ခန်းမကနေ မြို့မနာရီစဉ်၊ အဲဒီကနေ သာသနာ့ဗိမာန်အထိ တဆက်တည်း လောင်းလှူကြတယ်၊ ဆွမ်းဆန်စိမ်း လောင်းလှူသူတွေက (၃၀၀၀၀၀)လောက်ပြီး ဆွမ်းဆန်စိမ်းနှင့် တခြားပစ္စည်းတွေ လောင်းလှူတာကို တွေ့ရတယ်လို့ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment