တပ်မတော်နှင့်
KIA နိုဝင်ဘာလ ၇ ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့ရာ ကောင်လွင်ရာမှ ဒေသခံ ရှမ်းတိုင်းရင်းသားများ(၁၀၀၀)၀န်းကျင်ခန့်သည်
၎င်းနှင့် ၅ မိုင်ခန့် ဝေးသော အိမ်ခြေ(၁၀၀)ခန့်ရှိသည့် စည်ခန်းကြီးရွာတွင် သောင်တင်နေဆဲဖြစ်ပြီး၊
တိုက်ပွဲဖြစ်သည့်
ကောင်လွင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ (၁၀၀)၀န်းကျင်ခန့်သည် KIA မှ ကျေးရွာအတွင်း
လမ်းများ၊ စာသင်ကျောင်းများနှင့် နေရာတိုင်းတွင် မိုင်းများ ထောင်ထားခဲ့သောကြောင့်
ပိတ်မိနေဆဲဖြစ်ပြီး စာသင်ကျောင်းတွင် ဗုံးလေးလုံးနှင့် ဟန်ထိပ်ရွာတံတားမှာ ဗုံးတစ်လုံး
တွေ့ရှိရတယ်လို့ ဗန်မော်မြို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဝင်တစ်ဦးမှ သတင်းပေးပို့ထားပါတယ်။
နိုဝင်ဘာလ
(၈) ရက်နေ့တွင်လည်း စစ်တပ်နှင့် လူထု(၁၀၀)၀န်းကျင်ခန့် ရှိတဲ့ ကောင်လွင်ရွာထဲကို လက်နက်ကြီးဖြင့်
၃ ချက် ပစ်ခတ်ရာ စပါးကျည်တစ်လုံးနှင့် နေအိမ်တစ်လုံး ထိမှန်ကာ ချောင်းထဲသို့ တစ်လုံး
ကျသွားခဲ့တယ်လို့လည်း ပြောပြပါသည်။
ဦးခက်ထိန်နန်နှင့်
လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာတို့မှ ရိက္ခာတစ်ချို့ကိုသာ ပေးပို့နိုင်ခဲ့သေးပေမယ့် လမ်းပန်းဆက်သွယ်မှု
အခက်အခဲများကြောင့် ကုလနှင့် NGO အဖွဲ့အစည်းများက ဗန်းမော်သို့ စစ်ရှောင်များ ရာက်ရှိလာချိန်ကိုသာ
စောင့်မျှော်နေကြပါတယ်။ ရှမ်းနီပါတီ၊ ရှမ်းပေနှင့် ယဉ်ကျေးမူအဖွဲ့၊
ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကူညီနိုင်ရန်အတွက် အလျှူငွေများကောက်ခံလျှက်ရှိနေပြီး၊
နိုဝင်ဘာလ ၁၆ ရက်နေ့မှာ သွားရောက်လှူဒါန်းနိုင်ဖို့ စီစဉ်နေကြပါတယ်။
စည်ခန်းကြီးတွင်
သောင်တင်နေသည့် ဒေသခံလူထုကတော့ မိုင်(၄၀)ခန့် ဝေးသည့် ဗန်းမော်သို့ သွားရန် အာသီသမရှိကြပဲ
စပါးများ ရိပ်သိမ်းချိန်ဖြစ်တာကြောင့် ရွာသို့ အမြန်ပြန်နိုင်ရေး ငြိမ်သက်မည့် အခြေအနေတစ်ရပ်ကို
စောင့်ကြည့်ရင်း စည်ခန်းကြီးမှာ ဆက်လက် တိမ်းရှောင်နေလိုကြပြီး အစိုးရနှင့် NGO အဖွဲ့အစည်းများ၏
လုံလောက်ထိရောက်သော အကူအညီအထောက်အပံ့များ မရောက်ရှိပါက ရက်ရှည်ရပ်တည်ရန် အခက်အခဲ ပြဿနာများနှင့်
ရင်ဆိုင်နေရဦးမှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ
မိုင်းများ မရှင်းလင်းသေးတာကြောင့်ရယ် ရွာအတွင်းသို့ KIA မှ အချိန်မရွေး လက်နက်ကြီးများဖြင့်
ပစ်ခတ်နိုင်တာကြောင့်ရယ်တို့ကြောင့် စစ်တပ်မှ ကောင်လွင်ရွာအတွင်း အ၀င်အထွက်ကို မပြုလုပ်ခိုင်းသေးဘူးလို့
သိရှိရသည်။
No comments:
Post a Comment