Tuesday, November 12, 2013

အသက်(၁၄)နှစ်ရွယ် မစုစုအား သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည် မွတ်ဆလင်တစ်ဦးအား တိကျမှန်ကန်ထိရောက်စွာ စစ်ဆေးအရေးယူဆောင်ရွက်ပေးရန် မြို့နယ်-မဘသအဖွဲ့မှ တိုက်တွန်း


မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးအုပ်စု၊ ဂျာမိုင်ကောင်းရပ်ကွက်မှ အသက်(၁၄)နှစ်ရွယ် မစုစုအား အိမ်၌ တစ်ယောက်တည်းရှိစဉ် အိမ်အတွင်းသို့ ၀င်ရောက်ကာ လည်ပင်းညှစ်၍ ရင်ဝကို ကတ်ကြေးဖြင့်ထောက် ချုပ်နှောင်လျက် ခြိမ်းခြောက်၍ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့် မွတ်ဆင်လင်တစ်ဦးအား တိကျမှန်ကန်စွာ စစ်ဆေးအရေးယူ၍ ထိရောက်ပြစ်ဒဏ်များ
ချမှတ်ပေးရန် မြစ်ကြီးနားမြို့နယ် အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကချင်ပြည်နယ်ဝန်ကြီးချုပ်သို့  တိုက်တွန်းတောင်းဆိုလိုက်တယ်လို့ သိရှိရသည်။

တိုက်တွန်းမိတ္တူစာများကို မြို့နယ်-မဘသအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် သက်ဆိုင်ရာ ဌာနအလိုက် လိုက်လံပို့ဆောင်ခဲ့ကြပြီး၊ နိုဝင်ဘာလ (၁၁)ရက်နေ့က မစုစုအား ဥက္ကဋ္ဌဆရာတော်မှ ငွေကျပ်(၁)သိန်း၊ မြို့နယ်-မဘသအဖွဲ့မှ ငွေကျပ်(၁)သိန်း ကူညီထောက်ပံ့မှုများပေးခဲ့သည့်အပြင် မြို့နယ်-မဘသအဖွဲ့ဝင် ဥပဒေပညာရှင်များ၊ ရှေ့နေများနှင့် သံဃာတော်များမှ မစုစု၏အမှုအား လိုက်ပါကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးနေလျက်ရှိရာ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ရုံးတင်စစ်ဆေးဖို့ရှိတယ်လို့ သိရှိရသည်။

No comments:

Post a Comment