အဆိုပါ ခရစ်ယာန်ဘာသာရေးကျောင်းကို ဝေးလံခေါင်ဖျားသည့်ဒေသမှ လာသည့် လီဆူးအမျိုးသားများသည် (၁၉၅၆၊ ၁၉၅၉)ခုနှစ်များတွင် ခန်ကျိုတိုက်နယ်စော်ဘွား စ၀်ပလန်အုပ် ထံတွင် ခိုလုံခွင့်တောင်းခံပြီး နေထိုင်လာခဲ့ကြရာမှ (၁၉၇၆)ခုနှစ်တွင် နွိုင်ဖလားဘုရားတောင်ကုန်ပေါ်မှာ ခရစ်ယာန်ဘာသာရေး ဘုရားရှိခိုးကျောင်း
ဝင်ရောက်ကျူးကျော် ဆောက်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာရေးကျောင်း ဆောက်လုပ်စဉ်ကလည်း ခန်ကျိုကျေးရွာ ဗုဒ္ဓဘာသာဝင် တိုင်းခမ်းတီ ရှမ်းလူမျိုးများက ကန့်ကွက်ခဲ့ကြပြီး ထိုအချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော အစိုးရအဖွဲ့မှ တစ်စုံတစ်ရာ မဖြေရှင်းပေးခဲ့ပါ။ (၁၉၇၇)ခုနှစ်တွင် ခန်ကျိုကျေးရွာ ပဓာနနာယကဆရာတော်နှင့် ရွာခံ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်များမှ ပြန်လည်ပြုပြင် မွမ်းမံစဉ်ကလည်း ပြောင်းရွှေ့ပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါသေးတယ်လို့ အဆိုပါကျေးရွာမှ ဦးစောနွဲ့ထန်းမလစ် မှ ပြောပြပါသည်။
လီဆူးအမျိုးသားများသည် နွိုင်ဖလားဘုရားတောင်ကုန်မြေအား (၂၀၀၅)ခုနှစ် နယ်ခံ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်များမသိအောင် ပုံစံ (၁၀၅၊ ၁၀၆)များကို နယ်မြေ မြေစာရင်းရုံး၌ ပြုလုပ်ခဲ့ပြီး မချမ်းဘောမြို့နယ်၊ မြေပုံပါ ကျေးရွာတည်နေရာနှင့် ကျေးရွာအမည်များ ပျောက်ဆုံးနေသည်ကို သိရှိရ၍ နယ်ခံ ခန်ကျိုကျေးရွာ တိုင်းခမ်းတီ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်များအနေဲ့ အရမ်းဝမ်းနည်းမိတယ်လို့လည်း ဆက်လက်ပြောကြားပါသည်။
ခန်ကျိုးကျေးရွာသည် (အေဒီ-၁၅၁၃)ခုနှစ်တွင် စ၀်လွမ်းနွဲ့၏ တူတော်ဖြစ်သည့် စ၀်ပလန်းဆာမှ အိမ်ခြေ(၁၅၀)ဖြင့် စတင်ထူထောင်ခဲ့ပြီး ရွာမြောက်ဘက်တွင် ဘုရားတည်ရန် သင့်လျော်သော တောင်ကုန်းရှိနေသဖြင့် ကောင်းမှုလုံစေတီတော်၏ အရံစေတီတော်အဖြစ် ဘုရားတစ်ဆူနှင့် တစ်ပါးနေ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုလည်း (အေဒီ-၁၅၁၃)ခုနှစ်မှာပဲ တည်ထားကိုးကွယ်ခဲ့တယ်။
ခန္တီးလုံဒေသ နယ်ရှင်စော်ဘွားကြီး စ၀်ဖခန်ဆိုင်မှ (အေဒီ-၁၇၆၃)ခုနှစ်တွင် ဉာဏ်တော်(၉)တောင်အမြင့် ထပ်မံပြုပြင် မွမ်းမံခဲ့ပါတယ်။ (၁၉၅၀)ခုနှစ်၊ သြဂုတ်လ (၁၂) ရက်၊ ည(၈)နာရီကျော်အချိန်တွင် ခန္တီးလုံဒေသ ပူတာအိုခရိုင်တစ်ခုလုံး မြေငလျင် အကြီးအကျယ် လှုပ်ခဲ့၍ စေတီတော်နှင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရပါသည်။ နယ်ခံ ဗုဒ္ဓဘာသာဝင်များမှာ စီးပွားရေး အခက်အခဲ အမျိုးမျိုးကြောင့် စေတီတော်အား ပြန်လည် ပြုပြင်နိုင်စွမ်းမရှိခဲ့ကြပါ။
![]() |
ရှေးဟောင်းအုပ်ချပ်များ |
No comments:
Post a Comment