Thursday, November 28, 2013

ရှမ်းဒုက္ခသည်များအား ကယ်ဆယ်ရေးပစ္စည်းများ မပေးပို့ရန် KIA မှ ခြိမ်းခြောက်တားမြစ်ထား

 ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ကောင်လွင်ရွာ ရှမ်းဒုက္ခသည်များအား ကယ်ဆယ်ရေးပစ္စည်းများ မပေးပို့ရန် KIA မှ ခြိမ်းခြောက်တားမြစ်ထားတယ်လို့ ကောင်လွင်ရွာသို့ သွားရောက်ကာ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီခဲ့တဲ့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ပြောကြားသည်။

“နိုဝင်ဘာ လဆန်းပိုင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယနေ့အချိန်ထိ နယ်မြေလုံခြုံရေး စိတ်မချရသေးသည့်အပြင် အကူအညီ ကယ်ဆယ်ရေးပစ္စည်းများ မရောက်နိုင်သေးသည့် ကောင်လွင်ရွာသို့ KIA မှ ဘာရိက္ခာပစ္စည်းမှ မပေးပို့ရန်နှင့် ပေးပို့လျှင် မိုင်းခွဲမည်ဟု ခြိမ်းခြောက်တားမြစ်ကာ လက်တွေ့တွင်လည်း ကောင်လွင်နှင့် ခါချဉ်ကြား သစ်သားတံတားတစ်ခုတွင် စောင်နှင့် တခြားအသုံးအဆောင်ပစ္စည်းများ တင်ဆောင်ထားသော ကားတစီးကို မိုင်းခွဲဖျက်စီးပြခဲ့တယ်လို့လည်း

သိရှိရသည်။

မိုင်းခွဲမည့်ဟု ခြိမ်းခြောက်တားမြစ်ထားသည့် ကြားက ကချင်ပြည်နယ် ၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သွားရောက်ကူညီခဲ့တာပါ။
ကျွန်တော်တို့က ၊ သေရင် သေပါစေ၊ ပစ်ချင်လည်း ပစ်ပါစေ၊ ခွဲချင်လည်း ခွဲပါစေ၊ သွားမယ်ဆိုပြီး အရဲစွန့် သွားခဲ့တာပါ၊ ကွန်တော်တို့ကို ရှေ့နောက်မှ တပ်မတော်က စစ်ကြောင်းလိုက်ပေးတယ်၊ စီခန်ကြီးသို့ ရောက်နေတဲ့ ကောင်လွင်ရွာက ဒေသခံတွေလဲ လိုက်ပို့တယ်၊ သူတို့လည်း သေရင် သေပါစေ လို့ ခံယူထားတယ်၊လူဦးရေ (၃၀၀) ၀န်းကျင်လောက် ကျန်ရှိနေသေးတဲ့ ကောင်လွင်ရွာကို ဆန်အိတ်(၅၀) တင်ဆောင်ပြီး ထော်လာဂျီ (၂) စီးနဲ့ သွားရောက် ကူညီထောက်ပံ့ခဲ့ပါတယ်လို့ ရေးရာအဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

သံတံတားကျေးရွာ အသက်(၇၅)နှစ်အရွယ် ဒေသခံအဘိုးတစ်ဦးကလည်း ဦးတို့ရွာမှာ အရင်က KIA ဆိုတာ လာမနေဖူးဘူး၊ ဆက်ကြေးအနေနဲ့ နှစ်စဉ် ဆန်တစ်တင်းနဲ့ ဆားတစ်ပိဿာ ပေးရတယ်၊ အခုတော့ အဲသလိုမဟုတ်တော့ဘူး၊ တစ်နှစ်ကို သိန်း(၃၀)နှင့် (၄၀) ကြားပေးရတယ်၊ အခုတရုတ်တွေ သစ်မျိုးစုံ ခိုးထုတ်၊ ရွှေတွေလာလုပ်တဲ့ နောက်ပိုင်း၊ ယခုနှစ် (၈)လပိုင်းမှ စ၍ ကေအိုင်အေ အင်အား(၃၀) ခန့် ၊ (၁၀)လပိုင်း ကုန်ခါနီးအထိ နေထိုင်ပြီး စစ်ကြောင်းဝင်လာမှ ဆုတ်ခွာသွားတယ်၊ အရင်တုန်းက KIA တွေ ရွာကို ဖြတ်သွားတာပဲ လုပ်ကြတယ်၊ အခု ကြည့်စမ်း ဦးတို့ရွာက အဓိက အထင်ကရ သံတံတားကို (၂၀၁၁)ခုနှစ်မှာ KIA က ဖျက်ဆီးလိုက်တယ်၊ အခုဘယ်လောက် ဒုက္ခရောက်သလဲ သွားရေးလာရေး ၊ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ် အခု ဦးတို့ ရွာမှာရှိတဲ့ စစ်ကြောင်းကိုလည်း မပြန်စေချင်ဘူးလို့ ပြောပြသွားခဲ့ပါသည်။

No comments:

Post a Comment