Thursday, November 28, 2013

ဟိုကပ်လယ်တဲ၌ KIA စစ်သားနှစ်ဦးအား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိ


မြစ်ကြီးနားမြို့နယ်၊ တာလောတိုက်ကြီးတိုက်နယ်၊ ဟိုကပ်ကျေးရွာ၏ အနောက်ဘက် (၃)မိုင်ခန့်အကွာ ဦးလဆီလွမ်းဆဲ၏ လယ်တဲ၌ KIA စစ်သားနှစ်ဦးအား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တာလောကြီး ဌာနေပြည်သူ့စစ် တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

လွန်ခဲ့သော (၅) ရက်ခန့်လောက်မှ စ၍ ၄င်းဦးလဆီလွမ်းဆဲ၏ လယ်တဲ၌

ဆက်ကြေးကောက်ရန် KIA တပ်ဖွဲ့များ ရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် တာလောတိုက်နယ် တစ်ခုလုံးကို လုံခြုံရေးတာဝန်ယူထားသည့် တာလော ဌာနေပြည်သူ့စစ်နှင့် ခလရ (၃၇) စစ်ကြောင်းမှ ဗိုလ်ကြီး အောင်ရဲကျော်နှင့် အဖွဲ့ သွားရောက်ရှာဖွေ စစ်ဆေးရာမှ KIA စစ်သားနှစ်ဦးဖြစ်သည့် တပ်စုမှူး တပ်ကြပ်- ခွန်းမိုင်၊ အသက်(၃၅)နှစ်၊ အဖ-ဦးလရော်၊ အမိ-ဒေါ်လုတောင်၊ မရောကျေးရွာစု၊ မြစ်ကြီးနားမြို့နယ်နှင့် ဘရန်ခေါင်(ခ) မာအောင်၊ အဖ-ဦးလတောင်၊ အမိ-ဒေါ်လုနန်၊ မဟောင်းကျေးရွာ၊ မိုးကောင်းမြို့နယ်တို့ကို လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိခဲ့ပြီး၊ KIA တပ်မဟာ(၄)၊ တပ်ရင်း(၁၁) လက်အောက်ခံ KIA စစ်သားများဖြစ်တယ်လို့ သိရှိရသည်။

No comments:

Post a Comment