ဦးဖေသောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
အဆိုပါ ရှမ်းနီအမျိုးသားများ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲသို့ ဦးစံပြည့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ၊ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) ၊ ဦးဖေသောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ် အမှတ်(၆) ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်ခိုင်ဖြိုး၊ NLD၊ တစည၊ ကျားဖြူ၊ ရှမ်းနီပါတီတို့မှ ရှမ်းနီအမျိုးသား ကိုယ်စားလှယ်များ (၃၀၀) ခန့် တက်ရောက်ခဲ့ကြပြီး ရှမ်းနီအလံကို တညီတညွှတ်တည်း သဘောတူ သတ်မှတ်အတည်ပြုကာ ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများ၏ ဘုံနာမအမည်ကို ဆွေးနွေးခဲ့ကြပြီး မန်စီမြို့နယ်က ရှမ်းနီစစ်ပြေးဒုက္ခသည်များကို အကူအညီ ပေးပို့ကြဖို့ တိုက်တွန်းခဲတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဦးစိုင်းစန်းဝေ တာလောကြီးမှ ပြောကြားသည်။
ရှမ်းနီအမျိုးသားများ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပက်သက်၍ -ကျွန်တော်တို့ ရှမ်းလူမျိုးတွေစာ နှစ်ပေါင်း (၆၀)လောက် စုစည်းမှု အားနည်းပြီး လူမျိုးခြားများ၏ လွှမ်းမိုးမှုကို ခံရတယ်၊ အဲဒီလို လွှမ်းမိုးမှုမခံရအောင် ပြုလုပ်တဲ့နေရာမှာ အင်အားဟာ အရေးကြီးတယ်၊ အင်အား အရေးကြီးတဲ့အတွက်ကြောင့် ၂၀၁၄ ခုနှစ်ကျရင် ရှမ်းဗမာ၊ ရှမ်းနီ၊ တိုင်းလိုင် အားလုံးဟာ ရှမ်းနီလို့ သန်းခေါင်စာရင်း ပေးရမယ်။ ၂၀၁၄ သန်းခေါင်စာရင်းကြေညာရင် ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုတွေရဲ့ ရှမ်းနီအင်အား ဘယ်လောက်ရှိတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း ပေါ်လာဖို့ သိပ်ကို အရေးကြီးပါတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်မှ ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းကလည်း - ပါတီစုံဒီမိုကရေစီစနစ်သွားတဲ့အချိန်မှာ ကိုယ့်လူမျိုးဟာ အင်အားဘယ်လောက်ရှိတယ်ဆိုတာ ပြရမယ်၊ ကျွန်တော်တို့ဟာ ၂၀၁၄ ရဲ့ အခွင့်အရေးကို လက်မလွှတ်ဘဲ အမိအရ ဆုပ်ကိုင်ဖို့ လိုတယ်၊ အဓိကတော့ ဘာပဲလုပ်လုပ် ကျွန်တော်တို့ လူမျိုးပေါ်မှာ စေတနာရှိဖို့လိုတယ်၊ သစ္စာရှိဖို့လိုတယ်၊ အကျင့်ကောင်းဖို့ လိုတယ်၊ တရားရှိဖို့ လိုတယ်၊ ၂၀၁၄ မှာ တညီတညွှတ်တည်းဖြစ်အောင်၊ ကျွန်တော်တို့ လူမျိုး အရိပ်ကြီးလာအောင် ၀ိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးကြပါလို့ တိုက်တွန်းဆွေးနွေးသွားပါတယ်။ ကချင်ပြည်နယ်က တိုင်းလိုင်၊ တိုင်းလျန်၊ ရှမ်းဗမာ၊ ရှမ်းကလေး စတဲ့ ရှမ်းမျိုးနွယ်စုတွေနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ရှမ်းမျိုးနွယ်စုတွေရဲ့ နာမည်ကို ရှမ်းနီလို့ နာမည်တစ်ခု သတ်မှတ်ဖို့ (၂)ကြိမ်တိုင်တိုင် ဆွေးနွေးညှိနှိုင်း သဘောတူ ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ သျှမ်းနီလူငယ်တစ်ဦးမှ ပြောကြားသည်။
No comments:
Post a Comment