ဝန်းသိုကျောင်း စစ်ရှောင်စခန်း |
စံကင်းမူလတန်းလွန်ကျောင်းအတွက် နတလမှ ငွေကျပ် သိန်း(၃၀)၊ ကျေးလတ်ကျန်းမာရေး ဆေးပေးခန်းအတွက် ငွေကျပ်(၂၅)သိန်း၊ ပြည်နယ် ပညာရေးညွှန်မှူးမှ မူလတန်းကျောင်းအတွက် ငွေကျပ် (၂)သိန်း၊ ၀န်ကြီးဒေါ်ဘောက်ဂျာမှ ဘုန်းတော်ကြီးကျောင်းအတွက် ငွေကျပ် (၉) သောင်းကျပ်တို့ကို ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ ခဲ့တယ်လို့ သိရှိရသည်။
စံကင်းကျေးရွာမှ စစ်ဘေးရှောင် ရှမ်းဒုက္ခသည်များသည် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်း စစ်ရှောင်စခန်းသို့ (၂၀၁၁)ခုနှစ် (၄)လပိုင်းတွင် လူဦးရေ (၁၉၀)ကျော် စတင်ရောက်ရှိခဲ့ကာ လက်ရှိအချိန်တွင်တော့ လူဦးရေ (၁၂၁) ယောက်ရှိပြီး
ဝန်းသိုကျောင်းစစ်ရှောင်စခန်းတွင် (၁)နှစ်နှင့် (၈)လခန့် နေထိုင် ရှောင်တိမ်းခဲ့ရာမှ ယနေ့အချိန်တွင်တော့ နေရပ်ပြန်၍ လုပ်ကိုင်စားသောက်လိုသော အိမ်ထောင်စု (၁၅) စု၊ လူဦးရေ ၈၃ ယောက်တို့၏ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးဒေါ်ဘောက်ဂျာနှင့် အဖွဲ့မှ ရပ်ရွာ၏ အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့တာလည်း ဖြစ်သည်။
နေရပ်ပြန်မည့် စစ်ရှောင်ဒုက္ခသည်များကို NGO အဖွဲ့အစည်းများမှလည်း နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်သည့် အစီအစဉ်များ စီစဉ်ဆောင်ရွက်ပေးနေပြီး၊ ကချင်ပြည်နယ်တွင် ပထမဦးဆုံး နေရပ်ပြန်မည့် စစ်ရှောင်ရှမ်းဒုက္ခသည်စခန်း တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။
"ကျွန်တော်တို့ နေရပ်ပြန်ပြီး လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေခံတပ်ရင်းမှ လုံခြုံရေး အပြည့်အ၀ ကာကွယ်ပေးရန်နှင့် ရွာနှင့် ဝေးလံသော လယ်ယာများ သွားရောက်လုပ်ကိုင်ရာတွင်လည်း KIA မှ စစ်သားသစ် မစုဆောင်းရန် လိုအပ်ကြောင်း၊ နေရပ်ပြန် ဒေသခံပြည်သူများ လုပ်ကိုင် စားသောက်ဖို့ အခက်အခဲ မဖြစ်စေရန်နှင့် တနိုင်တပိုင် ရွှေကျင်လုပ်ကိုင်လိုသူ ဒေသခံပြည်သူများအတွက် ရပ်ရွာနယ်မြေအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရှိတဲ့ ဘေးမှလာတဲ့ ရွှေကျင်စက်ဆိုင်းတွေကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်လို့ နေရပ်ပြန်မည့် စံကင်းရွာဒေသခံ စစ်ရှောင်တစ်ဦးမှ ပြောကြားသည်။
No comments:
Post a Comment