မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းဆိပ်ကမ်း၌ တွေ့ရစဉ် |
စံကင်းကျေးရွာ
စစ်ဘေးရှောင်မိဘပြည်သူများသည် (၂၀၁၁)ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် မြစ်ကြီးနားမြို့၊
ဝန်းသိုကျောင်းတိုက် စစ်ရှောင်စခန်းသို့ စတင်ရောက်ရှိခဲ့ပြီး၊ ၀န်းသိုကျောင်းဆရာတော်ကြီးနှင့်
NGO အဖွဲ့အစည်းများက အဓိက ကူညီထောက်ပံ့ကာ (၂)နှစ် နီးပါးလောက် စစ်ဘေးတိမ်းရှောင်လျက်
(၂၀၁၃) ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် အိမ်ထောင်စု (၁၅) စု ၊ လူဦးရေ (၈၃) ယောက်တို့သည်
မိမိတို့၏ သဘောဆန္ဒအညီ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်လို့ သိရှိရသည်။
နေရပ်ပြန်လိုသော
အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို ၀န်းသိုကျောင်း စက်လှေဆိပ်တွင် ကချင်ပြည်နယ်၊ ၀န်ကြီးချုပ်နှင့်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က နှုတ်ဆက်ခဲ့ကြပြီး၊ ပြည်နယ်ဝန်ကြီး ဒေါက်ဘောက်ဂျာ၊
အစိုးရတပ်မတော်နှင့် ပညာရေး၊ ကျန်းမာရေးအဖွဲ့များက စံကင်းကျေးရွာထိ လိုက်ပါ ပို့ဆောင်ခဲ့ကြတာပါ၊ ပြည်နယ်ဝန်ကြီးချုပ်မှ
တစ်အိမ်ထောင်လျှင် ငွေကျပ်(၅၀၀၀၀)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တစ်အိမ်ထောင်လျှင်
ငွေကျပ်(၃၀၀၀၀)နှင့် ဆန်(၁၅) အိတ်တို့ ပေးအပ်ခဲ့ကြပြီး၊ ပြည်နယ်အစိုးရမှ စံကင်းရွာမူလတန်းလွန်ကျောင်းနှင့်
ဆေးပေးခန်းအတွက် ထုံး၊ဘိလပ်၊သစ်၊ WFP မှ ဆန်၊ ဆီ၊ ပဲ တစ်လစာ၊ ကြက်ခြေနီမှ ပစ္စည်း(၈)မျိုးပါ
ကယ်ဆယ်ရေးများ၊ ခြင်ထောင်၊ ဆိုလာ၊ ကျောင်းသား/သူများအတွက် စာသင်ခုံ၊ စာအုပ်၊ခဲတံ၊ မြေဖြူနှင့်
ပျက်ဆီးနေသော နေအိမ်သုံးလုံး ပြန်ဆောက်ပေးခြင်းတို့ကို ပေးအပ်ပြုလုပ် ခဲ့ကြတယ်လို့
သိရှိရသည်။
နိုင်ငံတော်သို့ တင်ပြကာ ကချင်ပြည်နယ်အစိုးရ၏
အစီအစဉ်ဖြင့် (၃)နှစ်တာကာလအတွင်း စစ်ဘေးရှောင်းမိဘပြည်သူများကို နေရပ်သို့ ပထမဦးဆုံး
ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့တယ်၊စစ်ဘေးရှောင်ပြည်သူများအား ပြန်လည်နေရာချထားရေး လုပ်ငန်းများကို
နိုင်ငံတော်အစိုးရနှင့် KIO တို့က ရွာ(၄)ရွာကို
စတင်ဆောင်ရွက်မယ်ဆိုပြီး သဘောတူထားခဲ့ကြပေမယ့် မဆောင်ရွက်နိုင်သေးပါဘူးလို့ စံကင်းရွာ
ဒေသခံပြည်သူများနှင့် တွေ့ဆုံပြောဆိုရာတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်ဘောက်ဂျာမှ
ပြောကြားသည်။
အခုလို မိမိနေရပ် ပြန်နိုင်ခဲ့တာနှင့် ပက်သက်၍ စခန်းမှာဆိုရင်
ဆန်၊ ဆီ၊ ဆား ပြည့်စုံပေမယ့်၊ ငွေရေး၊ ကြေးရေး မပြည့်စုံနိုင်ခဲ့ဘူး၊ ရွာမှာဆိုရင်တော့
လယ်ယာလုပ်ကိုင် စားသောက်လို့ရတယ်၊ စိုက်ပျိုးသီးနှံ လုပ်ကိုင်လို့ရတယ်၊ အဲဒါကြောင့်
ကျွန်မတို့ အရမ်းပဲ ၀မ်းသာပါတယ်၊ အိမ်တွေလည်း မပျက်ဆီးတာ တွေ့ရတော့ အရမ်းပဲ ၀မ်းသာတယ်၊
လိုလေသေးမရှိအောင် ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ ၀န်းသိုကျောင်းက ဆရာတော်များနဲ့ အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်တယ်၊
ကျွန်မတို့ကို ရွာအထိ ၀န်ကြီးနဲ့ စစ်တပ်အရာရှိမင်းများက လိုက်ပါပို့ဆောင်ပေးခဲ့ကြတဲ့အတွက်
ကျွန်မတို့ အရမ်းဝမ်းသာပြီး ကျေးဇူးတင်ပါတယ်လို့ နေရပ်ပြန် ဒေသခံ အမျိုးသမီး စစ်ရှောင်တစ်ဦးမှလည်း
ပြည်နယ်ဝန်ကြီးဒေါ်ဘောက်ဂျာနှင့် လိုက်ပါပို့ဆောင်ပေးခဲ့သူများကို ပြောကြားသွားခဲ့ပါတယ်။
No comments:
Post a Comment