![]() |
မောင်နော်ဆန်း၊ မြစ်ကြီးနားမြို့၊ ဇီးလွန်ရပ်ကွက်၊ နယ်မြေ(၁၀) |
၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့-နေ့လည်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ တာလောတိုက်နယ်၊ ဟိုကပ်ကျေးရွာ၌ ဘိန်းဖြူထည့်ထားသော ဆပ်ပြာခွက် ၂၈ ခွက်၊အလေးချိန် ၃၇၅ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၀၇၉၀၀၀၀ ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူများကို မြစ်ကြီးနားမြို့၊ ဇီးလွန်ရပ်ကွက်၊ နယ်မြေ(၁၀)တွင်နေသော
ဦးလချီခါး+ဒေါ်လဆီး၏ သား-မောင်နော်ဆန်း၊ အသက်(၂၂) နှစ်အရွယ်၊ (ကချင်)ဆိုသူနှင့်အတူ စစ်တပ်နှင့် တာလောကြီး ဌာနေပြည်သူ့စစ်များက သက်သေခံ ပစ္စည်းများနှင့်တကွ လက်ရဖမ်းဆီးကာ တာလောကြီးတိုက်နယ် ရဲစခန်းသို့ ၄င်းနေ့ ညနေပိုင်းတွင် အပ်နှံခဲ့တယ်လို့ သိရှိရသည်။
ယင်း ဘိန်းဖြူများကို မောင်နော်ဆန်းပါဝင်သော လူသုံးယောက်က
လိုင်ဇာ-ဟိုကပ် လမ်းကြောင်းအတိုင်း သယ်ဆောင်လာခဲ့ပြီး ကျန်နှစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြည်သူ့စစ်တစ်ဦးမှ ပြောကြားသည်။
မယ(ပ) ၃/၂၀၁၃ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ပုဒ်မ ၁၅/၁၉ (က)တို့ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရသည်။
No comments:
Post a Comment