Sunday, December 15, 2013

မံစီမြို့နယ်အတွင်း လတ်တလော အခြေအနေများကြောင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အရေးပေါ်ခရီးစဉ်ထွက်ခွာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဦးစိုင်းထိန်လင်း ဦးဆောင်သော ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့မှ တိုက်ပွဲများ ပြင်းထန်ခဲ့သော ရှမ်းရွာများနှင့် တပ်သားသစ် ဖမ်းဆီးစုဆောင်းခံနေရသော ရှမ်းရွာများသို့ အရေးပေါ်ခရီးစဉ် ထွက်ခွာခဲ့ပြီး ကွင်းဆင်းလေ့လာမှုများ၊ ကူညီထောက်ပံ့မှုများနှင့် စိုးရိမ်ကြောက်လန့်မှုများ မရှိစေရန် အားပေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရှိရသည်။ ခရီးစဉ်မှတ်တမ်း အကျဉ်းချုပ်ကို ဧရာဝတီမြစ်ဖျားက ရိုက်ကူးတင်ပြထားပါသည်။

No comments:

Post a Comment