Sunday, December 15, 2013

ရှမ်းနီ(၁၅) ဦးပါဝင်သော လူ(၅၀)ကျော်ကို မံစီမြို့နယ် မဒန်ယန်ရွာအနီးတွင် KIA မှ ဖမ်းဆီး


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မဒန်ယန်ရွာအနီးတွင် မဒန်ယန်နှင့် နန့်ဟန်၊ စီအူ၊ စီကော်၊ စီဟဲ၊ မန်သာ စသည့် ကျေးရွာများမှ အလုပ်လာလုပ်ကြသည့် ရှမ်းနီ(၁၅) ဦးပါဝင်သော ကယ်ရီအလုပ်သမား (၅၀)ကျော်ကို ဒီဇင်ဘာလ (၁၃) ရက်နေ့ညတွင် KIA မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရသည်။

မဒန်ယန်ဘက်မှာ သစ်တုံးတင်တဲ့ကားကို သစ်တင်ပေးဖို့အတွက် အလုပ်သမားတွေ သွားကြတာပါ၊ မဒန်ယန်ကလည်း ပါတယ်၊ မံစီကလည်းပါတယ်၊ အဲဒီ မဒန်ယန်တစ်ဝိုက် ကျေးရွာတွေက

အလုပ်သမားတွေပါ၊ လူပေါင်း(၅၀)ကျော်လောက် ပါသွားတယ်၊ အင်ဘာပါဘက်ကို သေနတ်နဲ့ချိန်ပြီး ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွားတာပါ၊ ထွက်ပြေးတဲ့လူလည်း ထွက်ပြေးတယ်၊ ပါတဲ့လူလည်း ပါသွားတယ်၊ ပါသွားတာက (၅၀)ကျော်လောက် ရှိမယ်၊ ဗမာလည်း ပါတယ်၊ ရှမ်းက (၁၅)ယောက် ပါတယ်လို့ ဖမ်းဆီးခေါ်ဆောင်စဉ် ထွက်ပြေးလွတ်မြောက်လာခဲ့သည့် ရှမ်းနီလူငယ်တစ်ဦးမှ ပြောကြားသည်။

ဒီဇင်ဘာ ၄ ရက်မှစ၍ ဒီရက်ပိုင်းတွေမှာ မံစီမြို့နယ်အတွင်း KIA က တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာ KIA အနေဖြင့် ဒေသခံ ရှမ်းလူမျိုးများကို လက်နက်အားကိုး အနိုင်ကျင့်မှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တိုက်တွန်းတောင်းဆိုထားပြီး ရှမ်းနီပါတီမှလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် အခြေအနေတစ်ရပ်ကို ဖြစ်စေနိုင်သည်ဟု ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment