ဝိုင်းမော်မြို့နယ်၊ ခက်ချိုရွာက ရှမ်းပျိုဖြူလေးများ |
စိုင်းအောင်မျိုးက ဆိုပါတယ်။
ဆန့်ကျင်ဘက်လူမျိုးစု လူနည်းစုတွေရဲ့ လွှမ်းမိုးဖိနှိပ်လာခဲ့တဲ့ အတိတ်က ဆိုးမွေတွေကို သူတို့လက်ထက်မှာ လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ၂၀၁၅ မှ အဖြေမထွက်ရင် မြန်မာပြည်မြောက်ပိုင်းရဲ့သမိုင်းကြောင်း လှည့်ပြောင်းသွားနိုင်ပါတယ်လို့ စိုင်းအောင်မျိုးက လက်ခံထားပါတယ်။
ယခုနှစ်ဆိုလျှင်လည်း နှစ်ပေါင်း(၅၀)ကျော်ကာလအတွင်း ၂၀၁၈ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးနှင့်အတူ မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်က ၊ ကုန်းမနမှာ သျှမ်းနီလူငယ်တွေ့ဆုံပွဲ ညီလာခံကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး၊ ကချင်ပြည်နယ်က ရှမ်းမြို့၊ ရှမ်းရွာတိုင်းမှာ ရှမ်းနှစ်သစ်ကူးပွဲတော်များကို ထူးထူးရှားရှား စည်စည်ကား ကျင်းပခဲ့ကြပါတာပါ။
ဝိုင်းမော်မြို့နယ်၊ ခက်ချိုကျေးရွာမှာလည်း ၂၀၁၈ ခုနှစ်၊ ရှမ်းနှစ်သစ်ကို ကြိုဆိုဖို့နဲ့ စည်ကားသိုက်မြိုက်စွာ တွန်းလှန်ကျင်းပနိုင်ဖို့ နေ့လည်ပိုင်းလောက်ကတည်းက ရှမ်းပျိုဖြူလေးတွေ တက်တက်ကြွကြွနဲ့ ပြင်ဆင်နိုးကြားထကြွနေခဲ့တာကို သူတို့ရဲ့ ခြေလှမ်းတွေက သက်သေခံနေပါတယ်။
No comments:
Post a Comment