Saturday, December 7, 2013

ဝိုင်းမော်မြို့နယ်၊ နောင်စီပေါရွာက လူငယ်နှစ်ဦးအား KIA မှ ဖမ်းဆီးခေါ်ဆောင်


ကချင်ပြည်နယ်-၀ိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာတွင် ဒီဇင်ဘာလ(၂)ရက်နေ့က KIA တပ်ဖွဲ့အင်အား ခြောက်ဦးသည် နောင်စီပေါရွာတွင်းသို့ အရပ်အ၀တ်အစားဖြင့် ၀င်ရောက်ကာ
မောင်ဂွမ်ဂျာ၊ အသက်(၂၀)နှစ်၊ အဖ-ဦးဇခုန်နော်နှင့် မောင်နော်ဆန်း၊ အသက်(၁၈)နှစ်၊ အဖ-ဦးညွန့်မောင်တို့ နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ၄င်းရွာဒေသခံတစ်ဦးမှ ပြောကြားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း မန်စီမြို့နယ် မန်ဖွရွာက ဒေသခံ ရှမ်းလူငယ် (၂၁) ဦးကို KIA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပါသေးတယ်။

KIA မှ စစ်သားစုဆောင်း ဖမ်းဆီးနေတာတွေနှင့် ပက်သက်ပြီး
" ကျွန်တော်တို့ရဲ့ ပေါ်လစီမှာ ပေါ်တာဆွဲတာ မရှိဘူးလို့ KIO ဗဟိုမှ တာဝန် ရှိသူတစ်ဦးက ဒီဇင်ဘာ ၅ ရက်နေ့တွင် The Daily Eleven သို့ ပြောကြားခဲ့ဖူးသည်။

No comments:

Post a Comment