Tuesday, December 10, 2013
မံစီမြို့နယ်အတွင်းက ရှမ်းရွာ(၁၄)အား တစ်ရွာလျှင် လူ(၁၅)ဦး ပေးပို့ရန် ရွာလူကြီးများထံ KIA မှ ဖိအားပေးဆင့်ခေါ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ဗန်းမော်-နန်းခမ်း လမ်းတစ်လျှောက်ရှိ မန်ဝိန်းကြီးတိုက်နယ်အတွင်းက ရှမ်းရွာ( ၁၄ )ရွာအား တစ်ရွာလျှင် လူ(၁၅)ဦးစီ KIA တပ်သားသစ် စုဆောင်းရေး စစ်သင်တန်းသို့ ပေးပို့ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ KIA မှ ဖိအားပေး ဆင့်ခေါ်
စာပို့ထားကြောင်း ဒေသခံများထံမှတဆင့် သိရှိရပါသည်။
မန်စီမြို့နယ်အတွင်း မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများ၌ ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များတွင် KIA က တပ်သားသစ်စုဆောင်းရေး အဓမ္မဖမ်းဆီးမှုများကြောင့် လယ်ယာလုပ်ငန်းခွင်မှ လူငယ်အများစုသည် မြို့ပေါ်ရှိ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊
KIO ရဲ့ မဟာဗျူဟာလေ့လာရေးဌာနမှ ဦးဒေါင်ခါးက တိုက်ပွဲတွေဖြစ်နေဆဲ ကာလမှာ လိုအပ်ချက်အရ တပ်သားသစ်တွေ စုဆောင်းနေရမှာဦးမှာ ဖြစ်တယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment