Tuesday, December 10, 2013

ငါးရက်အတွင်း စကားနှစ်ခွန်းပြောတဲ့ KIA နှင့် စိုးရိမ်စရာကောင်းနေတဲ့ ဖမ်းဆီးစုဆောင်းခံ တပ်သားသစ်


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ဒေသခံ ရှမ်းမျိုးနွယ်စုများအား ဒီရက်ပိုင်းများမှာ တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းဖမ်းဆီးနေတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။

အခုလို တပ်သားသစ် စုဆောင်းဖမ်းဆီးနေတဲ့ သတင်းတွေနဲ့ ပက်သက်ပြီး -

" ကျွန်တော်တို့ရဲ့ ပေါ်လစီမှာ ပေါ်တာဆွဲတာ မရှိဘူး။ မန်စီ၊ မန်ဖွဆိုတော့ KIA တပ်ရင်း ၁ လှုပ်ရှားတဲ့ နယ်မြေပေါ့။ အဲဒီ နယ်မြေမှာ ရွာသားတွေကို ခေါ်ဆောင်သွားတယ်ဆိုတဲ့

သတင်း ကျွန်တော်တို့ဆီရောက်တာ မရှိသေးဘူး " ဟု KIO ဗဟိုမှ တာဝန် ရှိသူတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

တိုက်ပွဲတွေ ဖြစ်နေဆဲ ကာလမှာ လိုအပ်ချက်အရ တပ်သားသစ်တွေ စုဆောင်းနေရမှာဦးမှာ ဖြစ်တယ်လို့ ကေအိုင်အေရဲ့ မဟာဗျူဟာ လေ့လာရေးဌာနက ဦးဒေါင်ခါးက ပြောကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ BBC မြန်မာပိုင်းသတင်းတွင် ရေးသားထားပါသည်။

ဖမ်းဆီးစုဆောင်းခံရသော ဒေသခံ ရှမ်းမျိုးနွယ်စု တပ်သားသစ်တွေအတွက် စိုးရိမ်စရာကောင်းတဲ့ အချက်ကတော့ - တိုက်ပွဲတွေ ဖြစ်နေဆဲကာလမှာ လိုအပ်ချက်အရ စုဆောင်းရေးဆွဲတယ်ဆိုတဲ့ အချက်ဖြစ်ပြီး ဘယ်နေရာတွေမှာ လိုအပ်သလဲဆိုတာ တိတိကျကျ မပြောထားဘဲ - ဒေသခံ ရှမ်းလူမျိုးစုတွေကတော့ ရှမ်းလူမျိုးစုနဲ့ အခြားတိုင်းရင်းသားတွေကို တိုက်ပွဲတိုင်းမှာ KIA က ဒိုင်းကာသလို အကာကွယ်ယူပြီး ကချင်မဟုတ်တဲ့ ရှမ်းမျိုးနွယ်အပါဝင် တိုင်းရင်းသားတွေကို အသေခံတိုက်ခိုင်း တယ်။တိုင်းရင်းသားတွေကလည်း ငြင်းမရအောင် အသေခံမတိုက်ရင် မိသားစုဝင်တွေနဲ့ ကျေးရွာတွေ ကို KIA က စံပြဆိုပြီး ရက်စက်ပြတယ်လို့ ရှုမြင်ခံစားနေရကြောင်း ဗန်းမော်ခရိုင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဝင်တစ်ဦးမှ ပြောဆိုသွားပြီး

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံရှမ်းမျိုးနွယ်စုတွေနဲ့ ပက်သက်ပြီး ခုချိန်ထိ ဘယ်သတင်းအစအနမှ မရသေးကြောင်း တစ်ဦးတစ်ယောက်မှလည်း ပြန်လွှတ်ပေးလာခြင်း မရှိသေးကြောင်း ဘာသတင်းအစအနမှ မရတဲ့အတွက် ဖမ်းဆီးခံရတဲ့ ကလေးတွေအတွက် ပိုပြီးစိုးရိမ်စရာ ကောင်းနေတယ်လို့ လွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းကမှ မန်ဖွရွာမှ ဗန်းမော်သို့ ပြန်လာခဲ့တဲ့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဦးစံတေ(ဗန်းမော်)မှ ပြေကြားသည်။

No comments:

Post a Comment